SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တရုတ်နိုင်ငံသို့ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အတွက် အခြေခံ အုတ်မြစ်ဖြစ်ဟု တောင်ကိုရီးယား သမ္မတပြော

Tuesday, 19 December 2017 10:08 font size decrease font size decrease font size increase font size increase font size

ဆိုး ဒီဇင်ဘာ ၁၈

တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ခြင်းသည် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုများအတွက် အခြေခံ အုတ်မြစ်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင်ပြောသည်။

အဆိုပါ လေးရက်ကြာ ခရီးစဉ်သည် အလွန်အကျိုးရှိသော ခရီးစဉ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကြား စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် ရန်အတွက် အခြေခံအုတ်မြစ် ဖြစ်ကြောင်း မွန်က ထိပ်တန်းဝန်ကြီးများနှင့် တွေ့ဆုံသည့် ပွဲတွင်ပြောသည်။ ထို့ပြင် နှစ်မကုန်မီ တောင်ကိုရီးယား နိုင်ငံ၏  အရေးပေါ် သံတမန်ရေးရာ ကိစ္စရပ်ကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း မွန်က ဆက်လက်ပြောသည်။ တရုတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ခိုင်မြဲသော မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့ နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား နားလည်မှုသည် မည်သည့် အကြောင်းကြောင်းနှင့်မျှ ယိမ်းယိုင်မည် မဟုတ်ကြောင်း မွန်ကဆိုသည်။ ထို့နောက်တွင် မွန်က အာဏာရပါတီနှင့် အတိုက်အခံ ပါတီမှ အဖွဲ့ဝင် အားလုံးအား အစိုးရ၏ ရပ်တည်ချက်ကို ထောက်ခံရန် တိုက်တွန်းသည်။ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်သည် ဒီဇင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်သည်။ အဆိုပါ ခရီးစဉ်သည် မွန်ဂျေးအင်က သမ္မတရာထူးဖြင့် စတင်တာဝန် ထမ်းဆောင်ပြီးနောက် အိမ်နီးချင်းနိုင်ငံသို့ ပထမဆုံး သွားရောက်သည့် အလည်အပတ် ခရီးစဉ်ဖြစ်သည်။

Read 318 times Last modified on Tuesday, 19 December 2017 10:08