SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပူးပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်အဖြစ် အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်နေမှုကို ဟန့်တားနိုင်ခြင်း ဖြစ်ဟု ပူတင်နှင့် ထရမ့်ဆို

Tuesday, 19 December 2017 10:08 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဒီဇင်ဘာ ၁၈

ရုရှားနိုင်ငံ၌ လုပ်ဆောင်ရန် စီစဉ်နေသည့် အကြမ်းဖက် တိုက်ခိုက်မှုကို ဟန့်တားလိုက်နိုင် ခြင်းသည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု၏ ရလဒ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုစဉ် ချီးကျူးလိုက်ကြောင်း သိရသည်။

ဒီဇင်ဘာလ နှောင်းပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုကို လုပ်ဆောင်ရန် စီစဉ်နေသည့် IS စစ်သွေးကြွ အဖွဲ့အား ထောက်ခံသူ များကို စိန့်ပီတာစဘာ့မြို့၌ ဖမ်းဆီးလိုက်နိုင်ကြောင်း  ရုရှားထောက်လှမ်းရေး ဌာနက ထုတ်ပြန်ကြေညာထားသည်။ ထိုသို့ အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်နေမှုကို ဟန့်တားလိုက်နိုင်ခြင်းသည် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီက ရုရှား ထောက်လှမ်းရေး အဖွဲ့သို့ သတင်းအချက် အလက်များ မျှဝေပေးခြင်းကြောင့် ဖြစ်ကြောင်းနှင့် ထိုသို့ သတင်းအချက်အလက်များ မျှဝေပေးသည့် အတွက်လည်း ကျေးဇူးတင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ထရမ့်အား ပြောသည်။ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ပူတင်၏ တောင်းဆိုချက်ကို  ဖြည့်ဆည်းပေးနိုင်ခဲ့သည့် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီကို ကျေးဇူးတင်ကြောင်း ထရမ့်ကပြောသည်။ အမေရိကန်က တန်ဖိုးရှိသော ထောက်လှမ်းရေး သတင်းအချက်အလက်ကို ရုရှားသို့ ပေးခြင်းသည် နှစ်နိုင်ငံအကြား ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေမှု ပြန်လည် အသက်ဝင်လာသည့် သဘောကို ပြဆိုနေခြင်း ဖြစ်ကြောင်း ရုရှားထိပ်တန်း ဥပဒေပြု အမတ်တစ်ဦးက ပြောသည်။ သို့သော် ထိုသို့ထောက်လှမ်းရေး သတင်းအချက်အလက်များ အပြန်အလှန် မျှဝေရုံဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေမှာ ပုံမှန်ပြန်ဖြစ်ပြီဟု မပြောနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။

Read 331 times Last modified on Tuesday, 19 December 2017 10:09