SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များကို ဘော်ဒီကင်မရာများ တပ်ဆင်မှုအတွက် ဖိလစ်ပိုင်ကွန်ဂရက် ထောက်ခံ

Tuesday, 19 December 2017 10:09 font size decrease font size decrease font size increase font size increase font size

မနီလာ ဒီဇင်ဘာ ၁၈

ဖိလစ်ပိုင်ကွန်ဂရက်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့အတွက် အဆိုပြုထားသော ပီဆို သန်း ၉ဝဝ (အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈၇ သန်း) ခွင့်မပြုသည့် ဥပဒေကြမ်းကို အတည်ပြုလိုက်သည့် အတွက် ယခုအခါ ရဲတပ်ဖွဲ့ အနေဖြင့် ယင်းစစ်ဆင်ရေးကို ဦးဆောင်တော့မည် မဟုတ်ကြောင်း သိရသည်။

သို့သော် ဖမ်းဆီးမှုများကို မှတ်တမ်းတင်ရန် အတွက် ရဲတပ်ဖွဲ့ဝင်များအား ခန္ဓာကိုယ်တွင် တပ်ဆင်သော စောင့်ကြည့်ကင်မရာ (ဘော်ဒီကင်မရာ) များတပ်ဆင်မှုအတွက် ကွန်ဂရက်က ထောက်ခံကြောင်း သိရသည်။ ကွန်ဂရက် အနေဖြင့် ရဲတပ်ဖွဲ့က အငြင်းပွားဖွယ် မူးယစ်ဆေးဝါး စစ်ဆင်ရေးကို ဦးဆောင်မှုအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူနှင့် အသုံးပြုသူ ထောင်ပေါင်းများစွာ သေဆုံးနေသည့် အတွက် ရဲတပ်ဖွဲ့တောင်းဆိုသော အသုံးစရိတ်ကို ပြန်လည်ခွဲဝေ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော်၏ ဘဏ္ဍာရေး ကော်မတီမှ အကြီးအကဲ အထက်လွှတ်တော်အမတ် လိုရန်လီဂါဒါက ဒီဇင်ဘာ ၁၈ ရက်တွင်ပြောသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အတည်ပြုခဲ့သော ယင်းဥပဒေကြမ်းကို သမ္မတ ဒူတာတေက ထောက်ခံမည်ဟု မျှော်မှန်းထားသည်။ ဒူတာတေသည်   မူးယစ်ဆေးဝါး စစ်ပွဲကို ရက်သတ္တရှစ်ပတ် နီးပါးကြာ ခေတ္တရပ်နားပြီးနောက် ပြန်လည်စတင်ရန် ရဲတပ်ဖွဲ့ကို ယခုလတွင် အမိန့်ချမှတ်ထားကြောင်း သိရသည်။

Read 352 times Last modified on Tuesday, 19 December 2017 10:10