×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

အိန္ဒိယနိုင်ငံ မွမ်ဘိုင်း၌ မီးလောင်မှုကြီး ဖြစ်ပွား၊ ၁၂ ဦးသေဆုံး

Tuesday, 19 December 2017 10:12 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ ဒီဇင်ဘာ ၁၈

အိန္ဒိယ၏ စီးပွားရေးမြို့တော်ဖြစ်သော မွမ်ဘိုင်းရှိ ဈေးဆိုင်တစ်ခု၌ ဒီဇင်ဘာ ၁၈ ရက်တွင် မီးလောင်မှုကြီး ဖြစ်ပွားရာ လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ အဆိုပါ မီးလောင်မှုသည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် မွမ်ဘိုင်းမြို့ ဆာကီနာ ကာကူလာရပ်ကွက် ခါရာနီလမ်းရှိ ဘဟာနူ ဖာဆန်ဈေးဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်သည်။ ထို့နောက် အချိန်ခဏအတွင်းမှာပင် စားသုံးကုန်နှင့် ပရိဘောဂများ သိုလှောင် ထားသော ကုန်လှောင်ရုံကြီးကို မီးတောက်များက ဝါးမျိုသွားကြောင်းနှင့် ထိုအချိန်တွင် ကုန်လှောင်ရုံအတွင်း၌ အလုပ်သမားများစွာ ပိတ်မိလျက်ရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ မီးသည် မိနစ်ပိုင်းအတွင်း လျင်မြန်စွာ ပျံ့နှံ့ သွားပြီး ဈေးဆိုင်တစ်ခုလုံး ပြိုကျသွားကြောင်း၊ လူ ၁၂ ဦးသည် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားကြောင်းနှင့် ဒဏ်ရာရရှိသူများကို မီးသတ်သမားများနှင့် ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံသို့ပို့ဆောင် ပေးလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။ အလုပ်သမားခြောက်ဦးသည် ယခုအချိန်ထိ အပျက်အစီးများကြား၌ ပိတ်မိလျက်ရှိကြောင်းနှင့် ယခုအခါ မီးငြှိမ်းသတ်နိုင်ပြီ ဖြစ် ကြောင်း တာဝန်ရှိသူ တစ်ဦးကပြောသည်။ မီးသတ်သမား ခြောက်ဦးထက်မနည်းနှင့် ကယ်ဆယ်ရေး အဖွဲ့ ဝင်များသည် အသက်ရှင် ကျန်ရစ်သူများကို ပြိုကျနေသော အဆောက်အအုံ၏ အပျက်အစီးများအကြား ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်း ရုပ်မြင်သံကြား၏ ထုတ်လွှင့်ချက်အရ သိရသည်။

Read 425 times Last modified on Tuesday, 19 December 2017 10:15