SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဂျပန်နိုင်ငံရှိ ကျောင်းဝင်းအတွင်း ရဟတ်ယာဉ် ပြတင်းတံခါး ပြုတ်ကျခြင်းသည် လူလုပ်အမှားကြောင့် ဖြစ်ဟုဆို

Tuesday, 19 December 2017 10:18 font size decrease font size decrease font size increase font size increase font size

တိုကျို ဒီဇင်ဘာ ၁၈

ဂျပန်နိုင်ငံ၌ ဒီဇင်ဘာ ၁၃ ရက်တွင် ဖြစ်ပွားသော စာသင်ကျောင်းတစ်ကျောင်း၏ အားကစားကွင်းအတွင်းသို့ အမေရိကန်၏ ရဟတ်ယာဉ်တစ်စင်းမှ ပြတင်းပေါက်တံခါး ပြုတ်ကျခြင်းသည် လူလုပ်အမှားကြောင့် ဖြစ်ကြောင်း အမေရိ ကန်စစ်ဘက်က ဒီဇင်ဘာ ၁၈ ရက်တွင်ပြောသည်။ ပြုတ်ကျသည့် ပြတင်းတံခါးသည် ရဟတ်ယာဉ်တွင် အရေးပေါ်လိုအပ်ပါက အကူလေယာဉ်မှူး၏ ဘက်ခြမ်းမှ လှပ်နိုင်ရန် တပ်ဆင်ထားသည့် တံခါးဖြစ်သည်ဟု အမေရိကန် စစ် ဘက်က အစီရင်ခံစာတစ်စောင်တွင် ပြောသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံသားများအား တောင်းပန်ကြောင်း အမေရိကန်စစ်ဘက်က ၎င်းအစီရင်ခံစာတွင် ဆက်ပြောသည်။ အိုကီနာဝါကျွန်းရှိ ဖူတန်မာရေတပ် အခြေ စိုက်စခန်းအနီး မူလတန်းကျောင်းအတွင်းသို့ ရဟတ်ယာဉ် ပြတင်းတံခါးပြုတ်ကျခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦးမျှမရှိပေ။ သို့သော် ယင်းဖြစ်စဉ်သည် ၎င်းတို့ဒေသအနီး အမေရိကန် လေတပ်စခန်း တည်ရှိနေခြင်းနှင့် ပတ် သက်၍ မကျေမချမ်း ဖြစ်နေသည့် ဒေသ ခံများအား ပိုမိုစိတ်တိုဒေါသထွက်စရာ ဖြစ်လာသည်။

ယင်းဒေသ၌ အမေရိကန်လေတပ် အခြေစိုက်စခန်း တည်ဆောက်ထားခြင်းကို အမြန်ဆုံး ဖယ်ရှားပေးရန် ဒေသခံများက ဆန္ဒရှိနေပြီး ဂျပန်နိုင်ငံမဟုတ်သည့် မည်သည့်ပြည်ပ နိုင်ငံတွင်မဆို သွားရောက် တည်ဆောက် စေလိုကြောင်း၊ အမေရိကန်တပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်မှုများကြောင့် ဆူညံခြင်း၊ ယာဉ်မတော်တဆမှုများ ဖြစ်ခြင်းနှင့် ရာဇဝတ်မှုများဖြစ်ပွားခြင်းကို အလိုမရှိကြောင်း ဒေသခံများက ပြောဆိုထားသည်ဟု သိရသည်။

Read 419 times Last modified on Tuesday, 19 December 2017 10:20