SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အမေရိကန်က ပြိုင်ဘက်အဖြစ် သတ်မှတ်သော်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် တရုတ်တိုက်တွန်း

Wednesday, 20 December 2017 09:38 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဒီဇင်ဘာ ၁၉

တရုတ်နှင့် အမေရိကန် ပြည်ထောင်စုတို့ အကြား ပူးပေါင်း ဆောင်ရွက်ခြင်းသည် နှစ်ဦး နှစ်ဖက် အကျိုးရှိသည့် ရလဒ်ကို ထွက်ပေါ်လာစေမည် ဖြစ်ကြောင်း၊ သို့မဟုတ်ဘဲ ထိပ်တိုက် ရင်ဆိုင်မှုသာ ဖြစ်ပေါ်လာပါက နှစ်ဖက်စလုံး အရှုံးနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း တရုတ် အစိုးရက ဒီဇင်ဘာ ၁၉ ရက်တွင်ပြောသည်။

အမေရိကန်က ၎င်းတို့၏ အင်အားကို ယှဉ်ပြိုင်လာသူအဖြစ် တရုတ်နိုင်ငံကို သတ်မှတ်ကြောင်း ပြောပြီးနောက် တရုတ်အစိုးရက ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စု အနေဖြင့် အကျိုးမရှိသော ကစားပွဲကို မကစားဘဲ မတူကွဲပြားမှုများနှင့် ပတ်သက်၍ ဘုံအကျိုးစီးပွားကို ရယူမည်ဟု တရုတ်အစိုးရက မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၎င်းတို့၏ ဝက်ဆိုက်တွင် ရေးသားထားသည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အမေရိက သာလျှင် ပထမဟူသော မူဝါဒကို အခြေပြု၍ ရေးဆွဲထားသည့် အမျိုးသားလုံခြုံရေး မဟာဗျူဟာကို  အမေရိကန် အစိုးရက ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။ တရုတ်နှင့် ရုရှားနိုင်ငံတို့သည် အမေရိကန်၏ လုံခြုံရေးနှင့် ချမ်းသာကြွယ်ဝမှု တို့ကို တစ်စတစ်စ ဆုတ်ယုတ်လျော့ပါး စေနိုင်သော ပြိုင်ဘက်များ ဖြစ်သည်ဟု အဆိုပါ မဟာဗျူဟာတွင် ဖော်ပြထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယား နျူကလီးယားနှင့် ဒုံးကျည် အစီအစဉ်များ အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ခိုင်မာသော ဆက်ဆံရေးကို တစ်ကိုယ် တော်တည်ဆောက်ထား သော်လည်း တရုတ် အစိုးရကို ပြိုင်ဘက်အဖြစ် ရှုမြင်ထားခြင်း ဖြစ်ကြောင်းသိရသည်။

Read 316 times Last modified on Wednesday, 20 December 2017 09:46