SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရှုံးနိမ့်သွားသော စစ်သွေးကြွများက ပြန်လည်ပေါင်းစုပြီး အခြားဒေသများသို့ သွားရန် စီစဉ်နေဟု ရုရှားဆို

Wednesday, 20 December 2017 09:46 font size decrease font size decrease font size increase font size increase font size

မော်စကို ဒီဇင်ဘာ ၁၉

ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့၌ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော နိုင်ငံတကာ အကြမ်းဖက် အဖွဲ့များသည် ပြန်လည်ပေါင်းစုပြီး အရှေ့အလယ်ပိုင်း ဒေသကို ကျော်လွန်၍ အခြား နေရာများသို့ သွားရန်ပြင်ဆင်လျက် ရှိကြောင်း ရုရှားထောက်လှမ်းရေး ဌာန (FSB) မှ ညွှန်ကြားရေးမှူး အလက်ဇန်းဒါး ဘော်နီကော့က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောဆိုထားသည်ဟု သိရသည်။

အာဖဂန်နစ္စတန် နိုင်ငံသည် စစ်သွေးကြွများ အဓိက အာရုံစိုက်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာကာ ယင်းနိုင်ငံသို့ ဝင်ရောက်ပြီးနောက် စစ်သွေးကြွများသည် လွတ်လပ်သောဓန သဟာယ နိုင်ငံများ (CIS) ၏ ပိုင်နက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် အခွင့်အရေးရှိ နေကြောင်း ဘော်နီကော့က CIS လုံခြုံရေး အေဂျင်စီနှင့် အထူးတပ်ဖွဲ့ အကြီးအကဲများ တွေ့ဆုံပွဲတွင် ပြောသည်။ CIS နိုင်ငံများသည် အကြမ်းဖက်သမားများက ဆီးရီးယားသို့ လူသစ်များပေးပို့ရာတွင် အသုံးပြုသည့် လမ်းကြောင်း ၁၁ ခုကို ပိတ်ဆို့ ထားကြောင်းနှင့်  အကြမ်းဖက်သမား များက ၎င်းတို့၏ နည်းဗျူဟာများကို ပြောင်းလဲ အသုံးပြုနိုင်ကြောင်း   ဘော်နီကော့က ဆက်ပြောသည်။ အရှေ့အာရှ၊ အရှေ့အလယ်ပိုင်း ဒေသနှင့် မြောက်အာဖရိက ဒေသမှ အကြမ်းဖက်သမား များသည် CIS နိုင်ငံများကို ခြိမ်းခြောက်မှုများ ပြုလုပ်ထားကြောင်း၊ အကြမ်းဖက် သမားများသည် နေရာအသစ် ရှာဖွေရာတွင် CIS နိုင်ငံများကို ပစ်မှတ်ထားလျက်ရှိကြောင်း ဗလာဒီမာပူတင် ရေးသားထားသော အစီရင်ခံစာ အား ဘော်နီကော့က CIS နိုင်ငံများ တွေ့ဆုံပွဲတွင် ဖတ်ပြသည်။

Read 340 times Last modified on Wednesday, 20 December 2017 09:46