SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဗြိတိန်ရှိ အမေရိကန် လေတပ်အခြေစိုက် စခန်းကို တိုက်ခိုက်ရန် ကြိုးပမ်းသူ အဖမ်းခံရ

Wednesday, 20 December 2017 09:46 font size decrease font size decrease font size increase font size increase font size

လန်ဒန် ဒီဇင်ဘာ ၁၉

ဗြိတိန်နိုင်ငံရှိ အမေရိကန် လေတပ်အခြေစိုက် စခန်းကို တိုက်ခိုက်ရန် ကြိုးပမ်းသည့် အမျိုးသား တစ်ဦးသည် ဗြိတိန်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း သိရသည်။ အမည်ဖော်ပြထားခြင်း မရှိသည့် အဆိုပါ အမျိုးသားသည် နိုင်ငံအရှေ့ပိုင်း ဆက်ဖော့မြို့ရှိ အမေရိကန် စစ်ဘက်က အသုံးပြုနေသည့် RAF Mildenhall လေတပ်အခြေစိုက် စခန်းရှိ စစ်ဆေးရေးဂိတ်ကို ကားဖြင့်ဝင်တိုက်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ သို့သော် ၎င်းအမျိုးသားကို  အခြေစိုက် စခန်းရှိ  အမေရိကန် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တားဆီးပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်အတွင်း လူတစ်ဦးမျှ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်းနှင့် ယခု ဖြစ်ပွားသည့် တိုက်ခိုက်မှုသည် အကြမ်းဖက်မှုနှင့် သက်ဆိုင်မှု မရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်တွင် အခြေစိုက် စခန်းမှ တာဝန်ရှိသူများက စခန်းကို ပိတ်လိုက်ပြီး အမေရိကန် အရေးပေါ် တုံ့ပြန်ရေး အဖွဲ့များက အသင့် အနေအထားဖြင့် ပြင်ဆင်ထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ RAF Mildenhall လေတပ်အခြေစိုက် စခန်းတွင် အမေရိကန်စစ်သည် ၃၂ဝဝ ခန့်ကို ဖြန့်ကြက်ထားပြီး ဗြိတိန်နိုင်ငံမှ အရပ်ဘက် ဝန်ထမ်း ၄ဝဝ မှ ၅ဝဝ ခန့် တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။ အမေရိကန် အစိုးရသည် အဆိုပါ စစ်အခြေစိုက် စခန်းကို သယ်ယူပို့ဆောင်ရေး စခန်းတစ်ခု အဖြစ်နှင့် လောင်စာဆီဖြည့် လေယာဉ်များ သိုလှောင်ထားရာ လေဆိပ်တစ်ခု အဖြစ်သာမက အထူး စစ်ဆင်ရေးများ အတွက်လည်း အသုံးပြုလျက် ရှိကြောင်း သိရသည်။

Read 308 times Last modified on Wednesday, 20 December 2017 09:47