SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နိုင်ငံရေး လှုပ်ရှားခွင့် တားမြစ်ထားခြင်းကို ရုပ်သိမ်းပေးမည်ဟု ထိုင်းဝန်ကြီးချုပ်ဆို

Wednesday, 20 December 2017 09:47 font size decrease font size decrease font size increase font size increase font size

ဘန်ကောက် ဒီဇင်ဘာ ၁၉

ထိုင်းနိုင်ငံ၌ ၂ဝ၁၄ ခုနှစ်မှစ၍ နိုင်ငံရေး လှုပ်ရှားမှုများ တားမြစ်ထားခြင်းကို ပြန်လည် ရုပ်သိမ်းပေးမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောသည်။ ၂ဝ၁၈ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေး လှုပ်ရှားခွင့် တားမြစ်ထားခြင်းကို ရုပ်သိမ်းပေးရန် နိုင်ငံရေး ပါတီအားလုံးက အစိုးရအား တောင်းဆိုသည်။ အထွေထွေ ရွေးကောက်ပွဲအား ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလတွင်  ကျင်းပမည် ဖြစ်ပြီး ထိုင်းနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံလိုသူများ ကိုလည်း ကြိုဆိုကြောင်း ပရာယုက ဆိုသည်။ နိုင်ငံရေး လှုပ်ရှားမှုများ တားမြစ်ထားခြင်းကို ရုပ်သိမ်းရန်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင်သော ပုဒ် ၄၄ ၌ ဖော်ပြထားသည့် အထူးအမိန့် တစ်ရပ်ကို အသုံးပြုမည် ဖြစ်ကြောင်း ပရာယုက သတင်းထောက်များအား ပြောသည်။

အဆိုပါ အမိန့်နှင့် ပတ်သက်၍ အကျိုးသက်ရောက်မှု ရှိ၊ မရှိကို သတင်းထောက်များက မေးမြန်းရာတွင် ပရာယုက ပြောဆိုထားခြင်း မရှိပေ။ နိုင်ငံရေး လှုပ်ရှားခွင့်များ တားမြစ်ထား ခြင်းကို ရုပ်သိမ်းရန် ကြေညာခြင်းသည် ရွေးကောက်ပွဲနှင့် ဒီမိုကရေစီ စနစ်အတွက် ပထမ ခြေလှမ်းဖြစ်ကြောင်း ရှပ်နီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ သာနာဝပ်ဝီချာဒစ်က ပြောသည်။ ထို့ပြင် လူအများစုဝေးမှု တားမြစ်ထားခြင်း ကိုလည်း ဖယ်ရှားသင့်ကြောင်း ၎င်းကဆက်ပြောသည်။ ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာ ဦးဆောင်သည့် အစိုးရကို ဖြုတ်ချပြီးနောက် ၂ဝ၁၄ ခုနှစ် မေလတွင် ပရာယု ဦးဆောင်သည့် အစိုးရ တက်လာခြင်းဖြစ်သည်။

Read 304 times Last modified on Wednesday, 20 December 2017 09:48