×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

ထရမ့်၏ အမျိုးသား လုံခြုံရေး မဟာဗျူဟာက တစ်ဖက်စောင်းနင်းဖြစ်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးဆို

Thursday, 21 December 2017 09:12 font size decrease font size decrease font size increase font size increase font size

တီဟီရန် ဒီဇင်ဘာ ၂ဝ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ထုတ်ပြန်လိုက်သော အမျိုးသားလုံခြုံရေး မဟာဗျူဟာသည် တစ်ဖက်စောင်းနင်းနှင့် တစ်ဖက်သတ်ဖြစ်နေကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂ဝ ရက် တွင်ချေပပြောဆို လိုက်သည်ဟု Tasnim သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါ မဟာဗျူဟာတွင် အမေရိကန်က အီရန်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ကြောင်း ထည့်သွင်း ရေးသားထားခြင်းသည် အဓိပ္ပာယ်မရှိသည့် လုပ်ဆောင်ချက်များ သာ ဖြစ်ကြောင်းနှင့် ၎င်းမဟာဗျူဟာကို အလုံးစုံဆန့်ကျင်ပြီး ရှုတ်ချ ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာရမ်ကာဆီမီက ပြောသည်။ အမြော်အမြင် မရှိသော အဆိုပါတစ်ဖက်စောင်းနင်း မဟာဗျူဟာသည် အမေရိကန် အစိုးရက စိန်ခေါ်မှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ပျက်စီးရာပျက်စီးကြောင်းများကို ဖော်ဆောင်နေခြင်း ဖြစ်ကြောင်းနှင့် ပြဿနာများကို ဖန်တီးနေခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ ဘာရမ်ကာဆီမီက ဆက်ပြောသည်။

ထို့ပြင်မဆင်မခြင် လုပ်ဆောင်သည့် ယင်းမဟာဗျူဟာကြောင့် ကမ္ဘာကြီးအနေဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားကာ အကြမ်းဖက်မှုများကို ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ထရမ့်သည် အဆိုပါ အမျိုးသား လုံခြုံရေး မဟာဗျူဟာကို ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်ပြီး ရုရှားနှင့် တရုတ်တို့ကိုလည်း ပြိုင်ဘက်နိုင်ငံများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

Read 344 times Last modified on Thursday, 21 December 2017 09:15