SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နိုင်ငံ၏ ကာကွယ်ရေး စွမ်းရည်ကို တိုးမြှင့်ရေး ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူရန် ဂျပန်အစိုးရ အတည်ပြု

Thursday, 21 December 2017 09:35 font size decrease font size decrease font size increase font size increase font size

တိုကျို ဒီဇင်ဘာ ၂ဝ

နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို တိုးမြှင့်ရေးအတွက် အမေရိကန် ပြည်ထောင်စုမှ မြေပြင်အခြေစိုက် ဒုံးကျည် ကာကွယ်ရေးစနစ် ဝယ်ယူရန်ဂျပန်အစိုးရက ဒီဇင်ဘာ ၁၉ ရက်တွင် အတည်ပြုလိုက်သည်။ အစိုးရ အဖွဲ့၏အတည်ပြု ချက်အရ ဂျပန်နိုင်ငံအနေဖြင့် လက်ရှိအသုံးပြုနေသည့် အဆင့်နှစ်ဆင့်ပါ Patriot ဒုံးပစ်စင်များနှင့် ဒုံးကျည်ကာကွယ်ရေး စနစ်များအတွက် အထောက်အကူပြုစေရန် Aegis Ashore အမျိုးအစား ဒုံးကျည်ကာကွယ်ရေး စနစ်နှစ်ခုကို ဝယ်ယူမည်ဖြစ်သည်။ ဒေသတွင်းမြင့်တက်လာသည့် တင်းမာမှုများသည် နိုင်ငံ၏ အမျိုးသား လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်လာခြင်းကြောင့် အစိုးရအနေဖြင့် နိုင်ငံကို ကာကွယ်နိုင်ရေးအတွက် လက်ရှိပဲ့ထိန်းဒုံးကျည်စနစ်၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ရန် လိုအပ်လာကြောင်း အစိုးရ အဖွဲ့က ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြသည်။ အဆိုပါ ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူမည့် အစီအစဉ်၊ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရ၏ ဒုံးကျည်စွမ်းေ ဆာင်ရည် တိုးမြှင့်မှုနှင့် စစ်ဘက်ကို နိုင်ငံ တကာအခန်းကဏ္ဍတွင် ပါဝင်လာစေရန် ရည်ရွယ်ထားမှုတို့ကြောင့် နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်မှာ ပိုမိုမြင့်တက်လာနိုင်ကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စုမှ ဝယ်ယူမည့် Aegis Ashore အမျိုးအစား ဒုံးကျည်ကာကွယ်ရေး စနစ်နှစ်ခု၏ တန်ဖိုးမှာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိနိုင်သော်လည်း ဂျပန် အာဏာပိုင်များက ကုန်ကျစရိတ် အတိအကျကို ထုတ်ပြန်ထားခြင်းမရှိပေ။ အဆိုပါဒုံးကျည် စနစ်များကို ဂျပန်အစိုးရက ၂ဝ၂၃ ခုနှစ်တွင် ဖြန့်ကြက်အသုံးပြုနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

Read 343 times Last modified on Thursday, 21 December 2017 09:42