SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အခွန်ကောက်ခံမှုစနစ် ပြန်လည်ရေးဆွဲမည့်မူကြမ်းကို အမေရိကန် အထက်လွှတ်တော် အတည်ပြု

Thursday, 21 December 2017 10:06 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဒီဇင်ဘာ ၂ဝ

ဆယ်စုနှစ်သုံးခုအတွင်း အမေရိကန် ပြည်ထောင်စု၏ အခွန်ကောက်ခံမှုစနစ်ကို အလုံးစုံ ပြန်လည်ရေးဆွဲမည့် အခွန်ကောက်ခံရေး မူကြမ်းကို အထက်လွှတ်တော်က ဒီဇင်ဘာ၂ဝ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။ အဆိုပါမူကြမ်းကို ထောက်ခံမဲ ၅၁ မဲ၊ ကန့်ကွက်မဲ ၄၈ မဲဖြင့် အတည်ပြုနိုင်ခြင်း ဖြစ်သည်။ ယင်းမူကြမ်းတွင် ကော်ပိုရေးရှင်းများအား အမြဲတမ်း အခွန်ကင်းလွတ်ခွင့်နှင့် လူပုဂ္ဂိုလ်အချို့အပေါ် ကောက်ခံနေသည့် အခွန်ကိုယာယီ လျှော့ချမည့် အစီအစဉ်တို့ ပါဝင်သည်။ အဆိုပါ မူကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုခဲ့ခြင်းဖြစ်ပြီး ပြည်ပရှိအမေရိကန် ပြည်ထောင်စု၏ ငွေကြေးများကို ပြန်လည်ရယူ နိုင်ရန်နှင့် နိုင်ငံအတွင်း အလုပ်အကိုင် ဖန်တီးရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ပြင် လက်ရှိအခွန်စနစ်ကို ပြင်ဆင်လိုက်ခြင်းအားဖြင့် နိုင်ငံ့စီးပွားရေးကို လက်ရှိ ၃ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်မည်ဟု အမေရိကန် အစိုးရက ယူဆထားသည်။

အခွန်ကောက်ခံမှု စနစ်ကို ပြင်ဆင်လိုက်ခြင်းအားဖြင့် အမေရိကန် ပြည်ထောင်စုသည် ယခင်က လုပ်ဆောင်နိုင်ခြင်း မရှိခဲ့သည့် စီးပွားရေးဆောင်ရွက်မှုများကို စတင်လုပ်ဆောင်ရန် အသင့်ရှိနေပြီ ဖြစ်ကြောင်း ယင်းမူကြမ်းကို အဓိက ထောက်ခံသည့် အထက်လွှတ်တော်မှ ရီပတ်ဘလစ်ကန်အမတ် မစ်မက်ကွန်နောက ပြောသည်။ သို့သော် အထက်လွှတ်တော်က   ယခု အတည်ပြုလိုက်သည့် အခွန်ကောက်ခံရေး မူကြမ်းသည် သန်းပေါင်းများစွာသော အမေရိကန် လူလတ်တန်းစားများကို ထိခိုက်စေနိုင်သည်ဟု ဒီမိုကရက်တစ်အထက် လွှတ်တော်အမတ် ခရစ် ဗန်ဟိုလန်က ပြောထားကြောင်း သိရသည်။

Read 352 times Last modified on Thursday, 21 December 2017 10:14