SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တောင်ကိုရီးယားက ၂၀၁၈ ခုနှစ်တွင် ပြည်ပအလုပ်သမား ၅၆ဝဝဝ ခန့်အား အထွေထွေ လုပ်သားဗီဇာ ထုတ်ပေးမည်

Saturday, 23 December 2017 11:55 font size decrease font size decrease font size increase font size increase font size

ဆိုး ဒီဇင်ဘာ ၂၂

တောငက် ရိုီးယားအစိုရ အနေဖြင့် လာမည့် ၂ဝ၁၈ ခုနှစ်တွင် ပြည်ပအလုပ်သမား ၅၆ဝဝဝ ခန့်အား အထွေထွေလုပ်သားဗီဇာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အစိုးရတာဝန် ရှိသူများက ဒီဇင်ဘာ ၂၂ ရက်တွင် ပြောသည်။ ပြည်ပ အလုပ်သမားအင်အား မူဝါဒဆိုင်ရာ အစိုးရ ကော်မတီသည် ဝန်ကြီးချုပ်ရုံးရှိ အစိုးရမူဝါဒ ညှိနှိုင်းဆောင်ရွက်မှုရုံးဝန်ကြီး ဟောင်နမ်ကီ ဦးဆောင်သော (၂၅)ကြိမ်မြောက် အစည်းအဝေးအတွင်း ၂ဝ၁၈ ခုနှစ်တွင် အဆိုပါ E-9 ဗီဇာ ထုတ်ပေးရေး အစီအစဉ်ကို အပြီးသတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ၂ဝ၁၈ ခုနှစ်တွင် ယင်းဗီဇာရရှိမည့် နောက်ထပ်ပြည်ပ အလုပ်သမား အရေအတွက်မှာ ၄၅ဝဝဝ ခန့်ရှိပြီး ယင်းဗီဇာ နှင့်အတူ နိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိ လာမည့် ပြည်ပအလုပ်သမား အရေအတွက်မှာ ၁၁ဝဝဝ ရှိမည် ဖြစ်ကြောင်းသိရသည်။ ၎င်းတို့အနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (SMEs) တွင် အလုပ်သမားရှားပါးမှုကို ဖြေရှင်းရန်နှင့် ဒေသခံများ လုပ်ကိုင် လိုသော အလုပ်အကိုင် အများအပြားကို ပြည်ပ အလုပ်သမားများက ရယူလုပ်ဆောင်ခြင်းမှ တားဆီးရန် လိုအပ်ချက်ကို စဉ်းစားသုံးသပ်သည့် အနေဖြင့် ယင်းပမာဏကို ဆုံးဖြတ်ခြင်းဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြော သည်။

E-9 ဗီဇာကိုင်ဆောင်သူ အလုပ်သမား အများစုကို E-9 အတွက် သီးသန့်ဖယ်ထားမည်ဖြစ်ပြီး ကျန်အလုပ် သမားများအား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းတို့တွင် အလုပ်အကိုင်များ ပေးမ ည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

Read 287 times Last modified on Saturday, 23 December 2017 11:58