SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နိုင်ငံတကာ ပရဟိတအဖွဲ့ ၂၇ ဖွဲ့ကို ပိတ်သိမ်းရန် ပါကစ္စတန် အစိုးရ အမိန့်ထုတ်

Saturday, 23 December 2017 12:25 font size decrease font size decrease font size increase font size increase font size

အစ္စလာမ်မာဘတ် ဒီဇင်ဘာ ၂၂

ပါကစ္စတန်အစိုးရသည် ခွင့်ပြုချက်မရှိသော ဒေသများ၌ လုပ်ငန်းများ ဆောင်ရွက်နေသော နိုင်ငံတကာ ပရဟိတအဖွဲ့ ၂၇ ဖွဲ့ကို ရက်ပေါင်း ၉ဝ အတွင်း ပိတ်သိမ်းရန် အမိန့်ထုတ်လိုက်ကြောင်း သိရသည်။ အဆိုပါ လုပ်ဆောင် မှုကြောင့် လွတ်လပ်စွာပြောဆိုခွင့်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတို့အပေါ် အစိုးရ၏ ကန့်သတ်ချုပ်ချယ်မှုနှင့် ပတ်သတ်၍ လူအခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြစ်တင် ရှုတ်ချကြောင်း သိရသည်။

ယင်းအဖွဲ့အစည်းများကို ပါကစ္စတန်၌ လုပ်ပိုင်ခွင့်ထက် ကျော်လွန်၍ လုပ်ကိုင်မှုနှင့် တရားဝင် ကျိုးကြောင်း ပြခြင်း မရှိမှုတို့ကြောင့် ပိတ်သိမ်းရန် အမိန့်ထုတ်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး တာလဲချတ်ဟရီကပြောသည်။ ထိုအ ဖွဲ့အစည်းများသည် ငွေကြေးများသုံးစွဲပြီး ၎င်းတို့လုပ်ဆောင်နေသည်ဟု ပြောသည့်လုပ်ငန်းများ ကို မလုပ်ဆောင်ကြောင်းနှင့် ခွင့်ပြုထားခြင်း မရှိသော ဒေသများတွင်သာ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

Read 363 times Last modified on Saturday, 23 December 2017 12:28