SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ယူကရိန်းအား လက်နက်ရောင်းခြင်းသည် သွေးထွက်သံယို ဖြစ်မှုများ မြင့်တက်လာနိုင်ဟု ရုရှားသတိပေး

Saturday, 23 December 2017 12:28 font size decrease font size decrease font size increase font size increase font size

မော်စကို ဒီဇင်ဘာ ၂၂

ယူကရိန်းအား လက်နက်ရောင်းချမည့် အမေရိကန်အစိုးရ၏ အစီအစဉ်သည် မတည်မငြိမ် ဖြစ်နေသည့် ယူကရိန်းအရှေ့ပိုင်းတွင် သွေးထွက်သံယိုဖြစ်မှုများကို မြင့်တက်လာစေနိုင်ကြောင်း ရုရှားအစိုးရက သတိပေးလိုက်သည်။ အမေရိကန်အစိုးရက ထောက်ပံ့ပေးမည့် လက်နက်ခဲယမ်းများကို ယူကရိန်းအမျိုးသား ရေးဝါဒီများက အဆင်အခြင်မဲ့ အသုံးပြု လုပ်ဆောင်နိုင်ဖွယ်ရှိသောကြောင့် ဒေသတွင်း၌ တိုက်ခိုက်မှုများ မြင့်တက် လာနိုင်သည်ဟု ရုရှားအစိုး ရက ဒီဇင်ဘာ ၂၁ ရက်တွင် သတိပေးလိုက်ခြင်းဖြစ်သည်။ အမေရိကန် အစိုးရက ယူကရိန်းနိုင်ငံသို့ လက်နက်ခဲယမ်းများ ရောင်းချမည့် အစီအစဉ်ကို အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း အမေရိ ကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပြီးနောက် ရုရှားအစိုးရ၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ် သည်။

ယူကရိန်းသို့ ရောင်းချမည့်လက်နက် ခဲယမ်းများတွင် ချေမှုန်းရေးရိုင်ဖယ်များ၊ တစ်လုံးထိုးသေနတ်များ၊ အသံတိတ် ကိရိယာများနှင့် အခြားစစ်သုံးပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ယူကရိန်းနိုင်ငံသို့ လက် နက်ငယ်ေ ရာင်းချမည့် အစီအစဉ်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအသစ်များ ပြန်လည်ကျင်းပနိုင်မည့် မျှော်လင့်ချက်များကို ပိုမိုရှုပ်ထွေးစေမည့်အပြင် လက်နက်ကိုင် ပဋိပက္ခအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူ အရေအတွက်ကို မြင့်တက်ေ စနိုင်သည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာ ခါရိုဗာကပြောသည်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် အစိုးရတပ်များနှင့် ရုရှားလိုလားသည့် ခွဲထွက်ရေးသူပုန်များအကြား ၂ဝ၁၄ ခုနှစ်မှစတင်ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း လူပေါင်း ၁ဝ၃ဝဝ ကျော်သေဆုံးထားကြောင်း သိရသည်။

Read 357 times Last modified on Saturday, 23 December 2017 12:30