SJ WorldNews - шаблон joomla Авто

တရုတ်က မကြာမီ ဖွင့်လှစ်တော့မည့် ဆိုလာကားလမ်း

Sunday, 24 December 2017 08:45 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံက ဆိုလာကားလမ်း တည်ဆောက်မှုသည် မကြာမီ ပြီးဆုံးတော့မည်ဖြစ်ပြီး တရားဝင် ဖွင့်လှစ်တော့မည် ဖြစ်သည်။ ၂ကီလိုမီတာ (၁ ဒသမ ၂ မိုင်)ရှည်သော ယင်းဆိုလာ ကားလမ်းသည် ကျီနန်းမြို့၌ တည်ရှိပြီး ထိုကားလမ်းပေါ်တွင် သွားလာနေသော မည်သည့် လျှပ်စစ်ကားမဆို အားသွင်းနိုင်မည် ဖြစ်သည်။

နှစ်လမ်းမောင်းဖြစ်သည့် အဆိုပါကားလမ်းသည် အပူချိန်သုည ဒီဂရီအောက်လျော့သည့် အခြေအနေမျိုးတွင် အလိုအလျောက် အပူငွေ့ထုတ်လွှတ်ပေးမည် ဖြစ်သည့်အတွက် နှင်းများကို အရည်ပျော်စေမည် ဖြစ်သောကြောင့် ယာဉ်မောင်းများ အနေဖြင့် ကားလမ်းချော်မှု မဖြစ်စေဘဲ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်မည် ဖြစ်သည်။

ဖိအားဒဏ်ကို အလွန်အမင်းခံနိုင်သည့် ဆိုလာပြားများ တပ်ဆင်ထားသော အဆိုပါနည်းပညာ မြင့် ကားလမ်းပေါ်တွင် အလယ်အလတ် အရွယ်အစားရှိ ဗင်ကားများအထိ မောင်းနှင်နိုင်မည် ဖြစ်ပြီး ပြင်းထန်သော ပွတ်တိုက်အားကို ထွက်ပေါ်စေမည် ဖြစ်သည်။

အဆိုပါကားလမ်း ပြီးစီးသွားသည့်အခါ ကျီနန်းမြို့ကို လျှပ်စစ်မီး ပေးနိုင်ရန်အတွက် ဓာတ်အား လိုင်းနှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။

ယင်းဆိုလာ ကားလမ်းကို အလွှာသုံးခုဖြင့် တည်ဆောက်ထားသည်။ အပေါ်ဆုံးအလွှာမှာ ဖောက်ထွင်းမြင်နိုင်သော ကွန်ကရစ်ဖြစ်ပြီး ၎င်း၏ ခံနိုင်ရည်အားမှာ သမားရိုးကျနိုင်လွန် ကတ္တရာ ကွန်ကရစ်ကဲ့သို့ ဖြစ်သည်။

အလယ်အလွှာမှာ ဆိုလာပြားများ ပါဝင်သော စွမ်းအင်ထုတ်ပေးသည့် အလွှာဖြစ်ပြီး အောက်ဆုံးအလွှာမှာ မြေပြင်၏ အစိုဓာတ်မှ ကာကွယ်ပေးသည့် အလွှာဖြစ်သည်။

တရုတ်နိုင်ငံ၏ ဒုတိယမြောက်ဖြစ်သည့် အဆိုပါ ဆိုလာကားလမ်းကို ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်။

Read 266 times Last modified on Sunday, 24 December 2017 08:54