SJ WorldNews - шаблон joomla Авто

အနာဂတ်တွင် အပေါ့ပါးဆုံးသော ကျည်ကာ ဖြစ်လာနိုင်သည့် ဒိုင်ယာမင်း

Sunday, 24 December 2017 09:01 font size decrease font size decrease font size increase font size increase font size

သုတေသန ပညာရှင်များသည် သံဖြူသတ္တု အလွှာပါးကဲ့သို့ အလွယ်တကူ ကွေးနိုင်ဆန့်နိုင် သော်လည်း အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာသည့် ကျည်ဆန်ကိုပင် ပေါက်ထွက်မသွားအောင် တားဆီးနိုင်သည့် မာကျောမှုရှိသော ပစ္စည်းတစ်မျိုးကို ဓာတ်ခွဲခန်းတွင် တီထွင်ဖန်တီး လိုက်နိုင်သည်။

ဒိုင်ယာမင်းဟု အမည်ပေးထားသည့် အဆိုပါပစ္စည်းသည် ဂရပ်ဖင်းအလွှာနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပြီး အက်တမ်တစ်ခုလောက်သာ ထူသည့် ကမ္ဘာ့ပထမဆုံး နှစ်ဖက်မြင်ပစ္စည်း ဖြစ်သည့်အပြင် လူသားတို့၏ ဆံပင်ထက် အဆသန်းပေါင်းများစွာ ပိုမို ပါးလွှာသည်။

နောင်တစ်ချိန်တွင် အဆိုပါပစ္စည်းကို ရေစိုခံနိုင်သည့် အပေါ်ယံအလွှာ ထပ်ပိုးအုပ်မှုမှသည် အလွန်ပေါ့ပါးသော ကျည်ကာဝတ်စုံများအထိ ဒဏ်ခံနိုင်သည့် အမျိုးမျိုးသော ထုတ်ကုန်များကို ထုတ်လုပ်လာစေနိုင်မည် ဖြစ်သည်။

ဒိုင်ယာမင်းသည် ပျော့ပျောင်းပြီး ကွေးနိုင်ဆန့်နိုင်သော သဘောသဘာဝ ရှိသော်လည်း ပြင်းထန်သည့် ဖိအားတစ်ခုနှင့် တွေ့ချိန်တွင် အလွန်တင်းမာသည့် အရာဝတ္ထုအဖြစ်သို့ လျင် မြန်စွာ ပြောင်းလဲသွားခြင်း ဖြစ်သည်။

ထိုသို့သော ဂုဏ်သတ္တိကြောင့် အရှိန်ဖြင့် ပျံသန်းလာသော ကျည်ဆန်ကို ဖောက်ထွက် မသွားစေရန် တားဆီးလိုက်နိုင်ခြင်း ဖြစ်သည့်အတွက် ကျည်ကာဝတ်စုံများတွင် ထုတ်လုပ် နိုင်သည်အထိ အရည်အသွေး ပြည့်မီခြင်း ဖြစ်ကြောင်း နယူးယောက်တက္ကသိုလ် အဆင့်မြင့်သိပ္ပံ သုတေသနဌာနက ပြောသည်။

ဂရပ်ဖင်းသည် ဂရပ်ဖိုက်မှတစ်ဆင့် ထွက်ပေါ်လာခြင်း ဖြစ်ပြီး ၎င်းကို မန်ချက်စတာ တက္ကသိုလ်မှ သုတေသန ပညာရှင်များက၂ဝဝ၄ ခုနှစ်တွင် ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ဂရပ်ဖင်းသည် အလွန် အံ့သြဖွယ်ကောင်းသော အရာဝတ္ထုအဖြစ် တည်ရှိခဲ့ခြင်း ဖြစ်သည်။

Read 297 times Last modified on Sunday, 24 December 2017 09:03