SJ WorldNews - шаблон joomla Авто

၂ဝ၁၇ ခုနှစ်၏ အစစအရာရာ သာလွန်ပြည့်စုံသော မြို့တော်စာရင်းတွင် ရှန်ဟိုင်းထိပ်ဆုံးမှ ရပ်တည်

Sunday, 24 December 2017 09:03 font size decrease font size decrease font size increase font size increase font size

၂ဝ၁၇ ခုနှစ်၏ အစစအရာရာ သာလွန်ပြည့်စုံသော မြို့တော်များ စာရင်းတွင် ရှန်ဟိုင်းမြို့သည် ဟောင်ကောင်နှင့် ရှန်ကျန်းမြို့တို့ကို ကျော်လွန်၍ ထိပ်တန်းမြို့တော် ဖြစ်လာကြောင်း ဟောင်ကောင်အခြေစိုက် စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေး အကြံပေးအဖွဲ့ (CICC)မှ ထုတ်ပြန် ချက်အရ သိရသည်။

ဟောင်ကောင်အခြေစိုက် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အကြံပေးအဖွဲ့သည် (၁၆)ကြိမ် မြောက် အစစ အရာရာ သာလွန်ပြည့်စုံသော မြို့တော်စာရင်းကို ဟောင်ကောင်မြို့၌ ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော် ကြေညာခဲ့သည်။

CICC အဖွဲ့သည် အဆိုပါစာရင်းကို ထုတ်ပြန်နိုင်ရန်အတွက် တရုတ်နိုင်ငံရှိ မြို့တော်၃၅၈ မြို့မှ အချက်အလက်များကို စုစည်း၍ စိစစ်ခဲ့သည်။ ၂ဝ၁၆ ခုနှစ်တွင် ထုတ်ပြန်သော စာရင်းတွင်လည်း ရှန်ဟိုင်း၊ ဟောင်ကောင်နှင့် ရှန်ကျန်းမြို့တော်တို့သည် အစစအရာရာ သာလွန်ပြည့်စုံသော မြို့တော်များ စာရင်းတွင် ထိပ်ဆုံး၌ပင် ရပ်တည်နေကြောင်း CICC က ပြောသည်။

ရှန်ကျန်းမြို့တော်သည် ၂ဝ၁၇ ခုနှစ်၏ ပထမလေးလပတ် ကာလအတွင်း ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး ၈ ဒသမ၈ ရာခိုင်နှုန်း မြင့်တက်နိုင်ခဲ့သည်။ကမ္ဘာတွင် အစစအရာရာ သာလွန်ပြည့်စုံသော မြို့တော်များ စာရင်းတွင်မူ နယူးယောက်မြို့တော်က ထိပ်တန်းနေရာ၌ ရပ်တည်နေပြီး အဆိုပါစာရင်း၌ ဟောင်ကောင်မြို့က နံပါတ်(၉) အဆင့်တွင် ရှိသည်။

စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံများစာရင်းတွင် အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့က ထိပ်ဆုံးမှ ရပ်တည်ပြီး ဖင်လန်နိုင်ငံသည် အန္တရာယ်အကင်းဆုံး စီးပွားရေး အားကောင်းသည့် နိုင်ငံအဖြစ် ရွေးချယ်ခံရကာ တရုတ်နိုင်ငံကမူ အုပ်ချုပ်မှု အကောင်းဆုံးနိုင်ငံအဖြစ် ရွေးချယ်ခံရကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

 

Read 297 times Last modified on Sunday, 24 December 2017 09:10