SJ WorldNews - шаблон joomla Авто

နိုင်ငံအတွင်းရှိ သံရုံးများကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ရန် ပြည်ပနိုင်ငံများနှင့် ဆွေးနွေးလျက် ရှိဟု ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဆို

Sunday, 24 December 2017 09:10 font size decrease font size decrease font size increase font size increase font size

အစ္စရေးအစိုးရသည် နိုင်ငံအတွင်းရှိ သံရုံးများကို ဂျေရုဆလင်မြို့သို့ ပြောင်းရွှေ့ရန် ပြည်ပနိုင်ငံ များနှင့် ဆွေးနွေးလျက်ရှိကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောသည်။

ဂျေရုဆလင်အား အစ္စရေး၏မြို့တော်အဖြစ် အမေရိကန်အစိုးရက အသိအမှတ်ပြုခြင်းကို ကုလသမဂ္ဂ အထွေထွေညီလာခံက ပယ်ချပြီးနောက် နိုင်ငံအတွင်းရှိ ပြည်ပသံရုံးများကို ဂျေရုဆလင်သို့ ရွှေ့ပြောင်းကြရန် ဆွေးနွေးခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်တွင် CNN သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း၌ နေတန်ယာဟုက ပြောသည်။

သို့ရာတွင် ၎င်းနှင့်ဆွေးနွေးခဲ့သည့် ပြည်ပနိုင်ငံများ၏ အမည်များကိုမူ နေတန်ယာဟုက ထုတ်ဖော် ပြောခြင်းမရှိပေ။ ကုလသမဂ္ဂ အထွေထွေညီလာခံသည် ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုသည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် တညီတညွတ်တည်း ငြင်းဆိုသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ဒီဇင်ဘာ၂၁ရက်တွင် မဲခွဲ ဆုံးဖြတ်၍ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် အထွေထွေညီလာခံ၏ အဆိုပါ ဆုံးဖြတ်ချက်ကို အစ္စရေးအစိုးရက ပယ်ချထား သည်။

အထွေထွေညီလာခံတွင် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်သည် အမေရိကန်သံရုံးအား တဲအဗစ်မှ ဂျေရုဆလင်မြို့သို့ ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့သည့် အမေရိကန်အစိုးရ၏ လုပ်ဆောင်မှုကိုလည်း ရှုတ်ချထားကြောင်း သိရသည်။

 

Read 302 times Last modified on Sunday, 24 December 2017 09:17