SJ WorldNews - шаблон joomla Авто

ရုရှားနယ်စပ်အနီး NATO ၏ စစ်ရေး လေ့ကျင့်မှု နှစ်ဆမြင့်တက်လာ ဟုဆို

Sunday, 24 December 2017 11:03 font size decrease font size decrease font size increase font size increase font size

NATO တပ်ဖွဲ့က ရုရှားနိုင်ငံ နယ်စပ်အနီး တစ်ဝိုက်တွင် လုပ်ဆောင်သည့် စစ်ရေး လေ့ကျင့်မှု များသည် နှစ်ဆမြင့်တက်လာကြောင် ရုရှားကာကွယ်ရေးဝန်ကြီးက ပြောသည်။

အမေရိကန်အစိုးရသည် ၎င်းတို့၏ ဒုံးကျည် ကာကွယ်ရေးစနစ်ကို ဥရောပတွင် ဖြန့်ကြက်ထား ပြီး ယင်း ဒုံးကျည်စနစ်၏ ကနဦး အသင့်ဖြစ်မှုအဆင့်အထိ တိုးမြှင့်ထားကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရွိုင်ဂူက ဒီဇင်ဘာ ၂၂ ရက်တွင် ပြုလုပ်သည့် ကာကွယ်ရေး ဝန်ကြီးများ ဆွေးနွေးပွဲ၌ ပြောခြင်းဖြစ်ပြီး အမေရိကန်ဦးဆောင်သည့် NATO တပ်ဖွဲ့၏ လုပ်ဆောင်မှုများကို ရုရှားနိုင်ငံက စောင့်ကြည့်လျက် ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

ရုရှားနယ်စပ်အနီး၌ NATO တပ်ဖွဲ့က၂ဝ၁၄ ခုနှစ်အတွင်း လုပ်ဆောင်သည့် စစ်ရေး လေ့ကျင့်မှု အရေအတွက်သည် ၂၈၂ ကြိမ် ရှိခဲ့သော်လည်း ယခုနှစ်အတွင်း လုပ်ဆောင်လာသည့် စစ်ရေးလေ့ကျင့်မှု အရေအတွက်မှာမူ ၅၄၈ ကြိမ်အထိ မြင့်တက်လာ ကြောင်း သိရသည်။

ထို့ပြင် NATO တပ်ဖွဲ့ဝင် နိုင်ငံများသည် ရုရှားနိုင်ငံအပေါ် စောင့်ကြည့်မှုများကိုလည်း တိုးမြှင့် လုပ်ဆောင်လာကြောင်း၊ ထို့ကြောင့် ရုရှားအစိုးရအနေဖြင့် နိုင်ငံ၏ ဝေဟင်နှင့် ရေပိုင်နက် ကျူးကျော်ခြင်း မခံရစေရေးအတွက် စောင့်ကြည့်လျက်ရှိကြောင်း ဆာဂျီရွိုင်ဂူက ဆိုသည်။

အလားတူ ရုရှားအစိုးရသည် လာမည့်နှစ်တွင် စစ်လက်နက်ပစ္စည်း အဆင့်မြှင့်တင်ရေးကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ရုရှားစစ်ဘက်အနေဖြင့် S-400 အမျိုးအစား ဒုံးကျည်စနစ် ၁ဝ ခုကို လက်ခံ ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ရုရှားနှင့် NATO တပ်ဖွဲ့အကြား ဆက်ဆံရေးသည် ရုရှားအစိုးရက ယူကရိန်းပဋိပက္ခတွင် ပါဝင် သည်ဟု NATO တပ်ဖွဲ့ဝင် နိုင်ငံများက စွပ်စွဲပြီးနောက်၂ဝ၁၄ ခုနှစ်မှစ၍ ယိုယွင်းလာခြင်း ဖြစ်သည်။

Read 286 times Last modified on Sunday, 24 December 2017 11:13