SJ WorldNews - шаблон joomla Авто

ဆန်ဖရန်စစ္စကို၌ အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးပမ်းမှုကို FBI တားဆီးနိုင်

Sunday, 24 December 2017 11:13 font size decrease font size decrease font size increase font size increase font size

အမေရိကန်ပြည်ထောင်စုရှိ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) သည် နိုင်ငံအနောက် ဘက် ကမ်းရိုးတန်းရှိ Pier 39 ဈေးဝယ်စင်တာကို အကြမ်းဖက်ဖောက်ခွဲ တိုက်ခိုက်ရန် ကြိုးပမ်းနေသည့် အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုကို တားဆီး လိုက်နိုင်ကြောင်း ဒေသတွင်း သတင်းဌာနက ဒီဇင်ဘာ၂၂ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန် ကမ်းတက်တပ်သားဟောင်း အီးဗီးရစ်အေရွန်ဂျာမီဆွန်သည် ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းကို ပစ္စည်းများ ထောက်ပံ့ပေးရန် ကြိုးစားမှုနှင့် အခြားသော စွပ်စွဲချက်များဖြင့် ၎င်းကို တာဝန်ရှိသူများက ဒီဇင်ဘာ ၂၂ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အသက် ၂၆ နှစ်ရှိ အဆိုပါသံသယရှိသူသည် ခရစ္စမတ်နေ့တွင် Pier 39 ဈေးဝယ်စင်တာ အတွင်းရှိ လူအုပ်အကြားတွင် ဖောက်ခွဲမှုနှင့် ပစ်ခတ်မှု ပြုလုပ်ရန် စီစဉ်နေကြောင်း တာဝန်ရှိသူများက ပြောသည်။

တရားရုံး၏ ထုတ်ပြန်ချက်အရ ဂျာမီဆွန်သည် စက်တင်ဘာလတွင် IS အဖွဲ့အား ထောက်ခံသည့် အကြောင်းကို လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့ကြောင်း သိရ သည်။ထို့နောက် ဂျာမီဆွန်၏လုပ်ရပ်အပေါ် FBIက စောင့်ကြည့်မှုများ လုပ်ဆောင်ပြီး ယခုကဲ့ သို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဂျာမီဆွန်သည် ဆန်ဖရန်စစ္စကိုရှိ Pier 39 ဈေးဝယ်စင်တာ ခေါင်မိုး၌ ဗုံးများ တပ်ဆင်ထားပြီး ဈေးဝယ်စင်တာ အတွင်းမှ ထွက်လာသော လူများကို သေနတ်ဖြင့်စောင့်၍ ပစ်ခတ်ရန် စ်ီစဉ်ခဲကြောင်း သိရသည်။

Read 345 times Last modified on Sunday, 24 December 2017 11:28