SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင် တောင်ပိုင်းတွင် မုန်တိုင်း တိုက်ခတ်မှုကြောင့်သေဆုံးသူ ၁ဝဝ ကျော်အထိ မြင့်တက်

Sunday, 24 December 2017 11:28 font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအိုပြည်နယ်၌ အပူပိုင်းမုန်တိုင်း တမ်ဘင်း တိုက်ခတ်မှု ကြောင့် ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားကာ သေဆုံးသူ ဒေသခံ ၁ဝဝကျော်အထိ မြင့် တက်လာပြီး တစ်ဒါဇင်ကျော် ပျောက်ဆုံးလျက် ရှိကြောင်း တာဝန်ရှိ သူများ၏ ပြောဆိုချက် အရ သိရသည်။

တမ်ဘင်း မုန်တိုင်းသည် ၁ နာရီ မိုင် ၅ဝနှုန်းဖြင့် တိုက်ခတ်ခြင်း ဖြစ်ပြီး ဒီဇင်ဘာ၂၄ ရက်တွင် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာကာ တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်နိုင်သည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။

လာနာအိုဒယ်နော်တီပြည်နယ်၊ လာနာအိုဒယ်ဆာပြည်နယ်နှင့် ဇမ်ဘိုအမ်ဂါ ကျွန်းဆွယ်တို့သည် မုန်တိုင်းဒဏ်ကို အများဆုံးခံရသည့်ဒေသများဖြစ်သည်။

ယခု ရက်သတ္တပတ် အစောပိုင်းတွင် ဖိလစ်ပိုင်အလယ်ပိုင်း၌ မုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၅ဝ ကျော် သေဆုံးကာ ၃၁ ဦးပျောက်ဆုံးပြီး ဒေသခံ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ သည်။ ခရစ္စမတ်ပွဲတော် ကာလအတွင်း နောက်ထပ် ဆိုင်ကလုန်း မုန်တိုင်းဖြစ်သည့် ဗင်တာ မုန်တိုင်း တိုက်ခတ်နိုင်ဖွယ် ရှိကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဟာရီရိုကွီဂျာက ပြော သည်။ လက်ရှိတွင် မုန်တိုင်းဒဏ် ခံစားရသည့် ဒေသများသို့ အစားအစာနှင့် အခြား ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့ပေးလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

မုန်တိုင်းဒဏ်ကြောင့် အေနန်ဂန် တံငါရွာမှ ရေစီးနှင့် အတူမျောပါသွားသည့် လူ ၃ဝကျော်ကို ကယ်ဆယ်ရေး အဖွဲ့က ရှာဖွေနေဆဲ ဖြစ်ကြောင်း ဆီဘူကိုမြို့မှ မြို့တော်ဝန် ဘောင်အက်ဒင်း ကပြောသည်။

Read 331 times Last modified on Sunday, 24 December 2017 11:36