SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင်ရှိ ဈေးဝယ် စင်တာတစ်ခု၌ မီးလောင်မှုကြီး ဖြစ်ပွား

Sunday, 24 December 2017 11:36 font size decrease font size decrease font size increase font size increase font size

ခြောက်ဦးဒဏ်ရာရ၊ အယောက် ၂ဝ ပျောက်ဆုံး ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေ၏ မွေးရပ် ဖြစ်သော ဒါဗာအိုမြို့ရှိ ဈေးဝယ်စင်တာ တစ်ခု၌ ဒီဇင်ဘာ ၂၃ ရက်တွင် မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားရာ ခြောက်ဦး ဒဏ်ရာရရှိပြီး အယောက် ၂ဝ ကျော် ပျောက်ဆုံးလျက် ရှိကြောင်း အာဏာပိုင်များက ပြောသည်။

မာအာကျေးရွာရှိ ဒါဗာအို NCCC ဈေးဝယ်စင်တာ မီးလောင်မှု ဖြစ်ပွားနေစဉ် စင်တာအတွင်း၌ ခရစ္စမတ် အားလပ်ရက်အတွက် လူအများက ဈေးဝယ်လျက် ရှိနေကြောင်း မြို့တော်ဝန် ရဲတပ်ဖွဲမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာတီရိဝီတာဂက်စပန်၏ ပြောဆိုချက်အရ သိရသည်။

၎င်း ဈေးဝယ်စင်တာ၏ တတိယထပ်ရှိ ပရိဘောဂ ဆိုင်တစ်ဆိုင်မှ မီးလောင်ကျွမ်းမှု စတင် ဖြစ်ပွားခြင်း ဖြစ်သည်။ ထို့နောက် မီးတောက်များသည် အခြားအထပ်များသို့ လျင်မြန်စွာကူးစက် လောင်ကျွမ်းသွားကြောင်း သိရသည်။

မီးလောင်အမှုအတွင်း အသက် ၂၁ နှစ်မှ ၄၆ နှစ်ရှိ ဒဏ်ရာရရှိသူ ခြောက်ဦးကို တာဝန်ရှိသူ များက ဆေးရုံများသို့ ပို့ဆောင် ပေးထားသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ဈေးဝယ်စင်တာ အုပ်ချုပ်မှုအဖွဲ့နှင့် အတူ အာဏာပိုင်များက ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း ဈေးဝယ် စင်တာမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

မီးလောင်မှု ဖြစ်ပွားပြီးနောက် ခြောက်နာရီအကြာတွင် လူအယောက် ၂ဝ မှာ ပျောက်ဆုံးလျက် ရှိကြောင်း မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးသူများက  ပြောသည်။

Read 415 times Last modified on Sunday, 24 December 2017 11:43