SJ WorldNews - шаблон joomla Авто

အိန္ဒိယနိုင်ငံ၌ ဘတ်စကား မတော်တဆမှု ဖြစ်ပွား သေဆုံးသူ ၃၃ ဦး အထိရှိ

Sunday, 24 December 2017 11:43 font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ရာဂျက်စသန်ပြည်နယ်၌ ဒီဇင်ဘာ ၂၃ ရက်တွင် ဖြစ်ပွားသည့် ဘတ်စကား မတော်တဆမှုကြောင့် သေဆုံးသူ ၃၃ ဦးအထိရှိကြောင်း တာဝန်ရှိသူများက ပြော သည်။

အဆိုပါ ယာဉ်မတော်တဆမှုသည် ရာဂျက်စသန် ပြည်နယ် ဂျာပါမြို့တောင်ဘက် ကီလိုမီတာ ၁၅ဝ အကွာ ဆာဝေမက်ဟိုပါခရိုင် ဒူဘီမြို့၌ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခြင်း ဖြစ်သည်။ ယင်း မတော်တဆမှုအတွင်း ဒဏ်ရာရရှိသူ ခုနစ်ဦးကို တာဝန်ရှိသူများက ဆေးရုံ အသီးသီးသို့ ပို့ဆောင် ပေးထားကြောင်း သိရသည်။

ဘုရားဖူး ခရီးသည် အယောက် ၄ဝ ခန့်ကို တင်ဆောင်လာသည့် အဆိုပါ ဘတ်စကားသည် ဆာဝေမက်ဟိုပါမြို့မှ လက်ဆော့မြို့သို့ ဦးတည် မောင်းနှင်နေစဉ် တံတားတစ်ခု၌ ရုတ်တရက် ကွေ့လိုက်ရာမှ လမ်းချော်ပြီး ဘားနက်မြစ်အတွင်းသို့ ထိုးကျသွားခြင်းဖြစ်သည်။

ကားလက်မှတ်ရောင်းသည့် လူငယ်တစ်ဦးက ၎င်း ဘတ်စကားကို မောင်းနှင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနက ထုတ်ပြန် ထားသည်။

ယာဉ်မောင်းသည် တံတားပေါ်ရှိ ကျဉ်းမြောင်းသည့် လမ်းတွင် အခြားယာဉ်ကို ကျော်တက်ရန် ကြိုးပမ်းရာမှ အရှိန်မထိန်းနိုင်ဖြစ်ကာ ယခုကဲ့သို့ မတော်တဆမှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဒေသတွင်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗာမာကပြောသည်။

ထို့နောက် ကယ်ဆယ်ရေး အဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ထားသည့် သေဆုံးသူ ၃၃ဦး၏ ရုပ်အလောင်းများကို ခရိုင်ဆေးရုံရှိ ရေခဲတိုက်၌ ထိန်းသိမ်းထားကြောင်း သိရသ

Read 317 times Last modified on Sunday, 24 December 2017 11:49