SJ WorldNews - шаблон joomla Авто

အရှေ့ဂျေရုဆလင်အား ပါလက်စတိုင်းမြို့တော်အဖြစ် အသိအမှတ်ပြုသည့်မူကြမ်းကို အီရန် အတည်ပြု

Monday, 25 December 2017 10:05 font size decrease font size decrease font size increase font size increase font size

တီဟီရန်  ဒီဇင်ဘာ  ၂၄

အရှေ့ဂျေရုဆလင်အား ပါလက်စတိုင်း၏ အမြဲတမ်းမြို့တော်အဖြစ် အသိအမှတ်ပြုသည့် အရေးပေါ် မူကြမ်းတစ်ရပ်ကို အီရန် လွှတ်တော် အမတ်များက ဒီဇင်ဘာ ၂၄ ရက် တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း  သိရသည်။

 အဆိုပါအရေးပေါ်မူကြမ်းကို လွှတ်တော်တွင် ထောက်ခံမဲ ၁၈၇ မဲ၊ ကန့်ကွက်မဲ ၁၅ မဲနှင့် ကြားနေမဲငါးမဲဖြင့် အတည်ပြုလိုက်ခြင်းဖြစ်ပြီး နိုင်ငံ၏ ဥပဒေအပိုဒ် ၁ အောက်တွင် ထည့်သွင်း သွားမည်ဖြစ်သည်။

 အီရန်နိုင်ငံသည် ပါလက်စတိုင်းအား ထောက်ခံနေသည့်  နိုင်ငံတစ်နိုင်ငံအဖြစ် ကာလရှည်ကြာ ရပ်တည်နေပြီး ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်က သတ်မှတ်ခြင်းကို ကန့်ကွက်ကြရန် တစ်ကမ္ဘာလုံးရှိ မူဆလင်များအား တောင်းဆိုထားသည့် နိုင်ငံလည်းဖြစ်သည်။

 ဂျေရုဆလင်အား အစ္စရေး၏မြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၆ ရက်တွင် အသိအမှတ် ပြုလိုက်ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံ အများအပြားတွင် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်သော ဆန္ဒပြမှုများ ထွက်ပေါ်လာကြောင်း သိရသည်။

 အစ္စရေးနိုင်ငံသည် ဂျေရုဆလင်တစ်မြို့လုံးအား ၎င်းတို့၏မြို့တော်အဖြစ် ကြေညာ ထားသော်လည်း နိုင်ငံတကာကမူ အဆိုပါ ရှေးဟောင်းဘာသာရေး မြို့တော်အရှေ့ပိုင်းကို သိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေအဖြစ် ရှုမြင်နေပြီး ပါလက်စတိုင်းတို့ကလည်း အရှေ့ ဂျေရုဆလင်ကို ၎င်းတို့၏အနာဂတ်မြို့တော် အဖြစ်သတ်မှတ်ရန် စီစဉ်ထားကြောင်း သိရသည်။

 

Read 296 times Last modified on Monday, 25 December 2017 10:07