SJ WorldNews - шаблон joomla Авто

အိန္ဒိယ၌ အရက်မူးပြီး ကားမောင်း၍ ယာဉ်မတော်တဆမှုဖြစ်လျှင် ထောင်ခုနစ်နှစ်အထိ ချမှတ်ရန် စီစဉ်

Monday, 25 December 2017 10:09 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ  ဒီဇင်ဘာ  ၂၄

အိန္ဒိယ၌ ယာဉ်မတော်တဆ ဖြစ်ပွားမှုမြင့်တက်ခြင်းကို တားဆီးရန်အတွက် အရက် သေစာ သောက်စားမူးယစ်ပြီး ကားမောင်းရာမှ လူသေဆုံးသည့် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက ထောင်ဒဏ် တိုးမြှင့် ချမှတ်သွားမည့် လုပ်ဆောင်ချက်ကို အစိုးရက စီစဉ်နေကြောင်း သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

ယခင်က အရက်မူးပြီး ကားမောင်းရာမှ လူသေဆုံးသည့် ယာဉ်မတော်တဆမှုဖြစ်ပွားပါက အများဆုံး ထောင်ဒဏ်နှစ်နှစ်သာ ချမှတ်ထားသော်လည်း ယခုအခါ အစိုးရအနေဖြင့် ထောင်ဒဏ်ခုနစ်နှစ်အထိ တိုးမြှင့်ချမှတ်သွားရန်ဆန္ဒရှိကြောင်း သိရသည်။

ထိုသို့အရက်မူးပြီး ကားမောင်းရာမှ လူသေဆုံးသည့် မတော်တဆမှု ဖြစ်ပွားပါက ယာဉ်မောင်းကို ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်ရန် လွှတ်တော်ကော်မတီများက မကြာသေးမီက အကြံပြုထောက်ခံပြီးနောက် ယခုကဲ့သို့ ထောင်ဒဏ်သက်တမ်း တိုးမြှင့်မည့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

လွှတ်တော်သည် အပြစ်ရှိသူယာဉ်မောင်းကို ပေါ့ဆမှုနှင့် လူသေစေမှုတို့ဖြင့် ထောင်ဒဏ် ၁ဝ နှစ် ကျခံစေလိုသော်လည်း အစိုးရက ထောင်ဒဏ်ခုနစ်နှစ်သာ ကျခံစေရန် အလိုရှိကြောင်း သိရသည်။

အိန္ဒိယ၌ နှစ်စဉ် ယာဉ်မတော်တဆမှုဖြစ်စဉ် ငါးသိန်းခန့်ဖြစ်ပွားပြီး လူပေါင်းတစ်သိန်း ခွဲသေဆုံးနေသည့် အတွက် ငါးနှစ်အတွင်း ယာဉ်မတော်တဆမှု ၅ဝ ရာခိုင်နှုန်းအထိ လျှော့ချရန် အစိုးရက ဆုံးဖြတ်ချက်ချထားကြောင်း သိရသည်။

 

Read 322 times Last modified on Monday, 25 December 2017 10:11