SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အာဖဂန် နစ္စတန်တွင် အမေရိကန် တပ်ဖွဲ့ဝင် ၄ဝဝဝ ခန့်ကို ထပ်မံ ဖြန့်ကြက်နိုင်ဖွယ်ရှိ

Tuesday, 22 August 2017 09:10 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် သြဂုတ် ၂၁

အသစ်ချမှတ်မည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အာဖဂန် နစ္စတန် မဟာဗျူဟာ အရ ယင်းနိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင် ၄ဝဝဝ ခန့်ကို ထပ်မံဖြန့်ကြက်နိုင်ဖွယ် ရှိကြောင်း အစိုးရ အဖွဲ့မှ အရာရှိများ၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာက ဖော်ပြသည်။

ထရမ့်သည် အမေရိကန် ပြည်သူများနှင့် စစ်သည်များအတွက် အာဖဂန် နစ္စတန်နှင့် တောင်အာရှ နိုင်ငံများတွင် အမေရိကန် အစိုးရ၏ ပါဝင်လုပ်ဆောင်မှုနှင့် စပ်လျဉ်း၍ မဟာဗျူဟာ အသစ်ကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်က သြဂုတ် ၂ဝ ရက်တွင် ကြေညာထားသည်။ အိမ်ဖြူတော်၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် ထရမ့်အနေဖြင့် အာဖဂန်ရှိ မြေပြင်တပ်မှူးများ၏ တောင်းဆိုချက်ကို ဖြည့်ဆည်း ပေးမည်ဟု ယူဆနေကြပြီး လိုအပ်နေသည့် စစ်သည် ၄ဝဝဝ ခန့်ကို ယင်းနိုင်ငံသို့ ဖြန့်ကြက်ရန် အစိုးရက အတည်ပြု ပေးမည်ဟူသော ခန့်မှန်းမှုများ ထွက်ပေါ်လာကြောင်း CBS သတင်းဌာနက ဖော်ပြသည်။

အမေရိကန် စစ်ဘက်သည် ၎င်းတို့၏ အာဖဂန် နစ္စတန်ဆိုင်ရာ မဟာဗျူဟာ အသစ်ကို ချမှတ်ရန် နီးစပ်လာပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်က ဇူလိုင် ၁၄ ရက်တွင် ပြောထားပြီး ထရမ့်သည် ၎င်း၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး အဖွဲ့နှင့် အထူး ဆွေးနွေးပွဲများ ကျင်းပကာ ယင်းမဟာဗျူဟာ အသစ်ကို ချမှတ်ရန် စီစဉ်နေသည်ဟု အိမ်ဖြူတော် ပြန်ကြားရေး အတွင်းဝန် ဆာရာဟက်ကာဘီက အစောပိုင်းတွင် ပြောကြောင်း သိရသည်။ အမေရိကန်နှင့် မဟာမိတ် တပ်များသည် အမေရိကန် ပြည်ထောင်စု၌ ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အာဖဂန် နစ္စတန်၌ ၂ဝဝ၁ ခုနှစ်မှစ၍ စစ်ဆင်ရေးများ စတင်ပြီး ၂ဝ၁၄ ခုနှစ်တွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။

Read 423 times Last modified on Tuesday, 22 August 2017 09:12