SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဆီယာရာလီယွန် နိုင်ငံ၌ မြေပြိုမှုအတွင်း ရုပ်အလောင်း ၄၉၉ လောင်းကိုတွေ့ရှိ

Tuesday, 22 August 2017 09:12 font size decrease font size decrease font size increase font size increase font size

ဖရီးတောင်း သြဂုတ် ၂၁

ဆီယာရာလီယွန် နိုင်ငံ ဖရီးတောင်းမြို့တော် အနီး၌ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဖြစ်ပွားသော မြေပြိုမှုမှ ရုပ်အလောင်း ၄၉၉ လောင်းကို ကယ်ဆယ်ရေး အမှုထမ်းများက တွေ့ရှိကြောင်း သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိ ဆီနပ်ဒမ်ဘူယာက သြဂုတ် ၂ဝ ရက်တွင် ပြောသည်။

ယင်းမြေပြိုမှုသည် သြဂုတ် ၁၄ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဖြစ်ပွားခြင်း ဖြစ်ပြီး ရှူးဂါးလုတောင်မှ မြေပြိုကျမှုကြောင့် ရီဂန့်မြို့တွင် မြေဖုံးလွှမ်းကာ ကယ်ဆယ်ရေး လုပ်ငန်းများလည်း ကြန့်ကြာခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူများသည် ယခုရက်သတ္တပတ် အတွင်း ရုပ်အလောင်း ၄၆၁ လောင်းကို ဝါတာလူး သုသာန်၌ မြှုပ်နှံခဲ့ပြီး ယင်းသုသာန် အနီး၌ ၂ဝ၁၄ နှင့် ၂ဝ၁၆ ခုနှစ် အကြားတွင် အီဘိုလာ ရောဂါကြောင့် သေဆုံးခဲ့သော ရုပ်အလောင်း ၄ဝဝဝ မြှုပ်နှံထားကြောင်း သိရသည်။

ရုပ်အလောင်း ၃၈ လောင်းကို သြဂုတ် ၂ဝ ရက်တွင် ထပ်မံတွေ့ရှိပြီး သေဆုံးသူဦးရေ ၄၉၉ ဦးထိ မြင့်တက်လာခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ချက်ချင်း မြေမြှုပ်သွားမည် ဖြစ်ကြောင်း ဒမ်ဘူယာကပြောသည်။ ထို့ပြင် ယင်းမြေပြိုမှုသည် ဆီယာရာလီယွန် နိုင်ငံ၌ နှစ်ပေါင်းများစွာ အတွင်း အဆိုးဝါးဆုံး မြေပြိုမှုဖြစ်ပြီး လူ ၆ဝဝ ကျော်မှာလည်း ပျောက်ဆုံး နေဆဲဖြစ်ကြောင်း ကြက်ခြေနီအဖွဲ့က ပြောသည်။

Read 440 times Last modified on Tuesday, 22 August 2017 09:16