SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အိန္ဒိယရှိ ဆေးရုံတစ်ရုံတွင် အရက်မူးနေသော ဆေးရုံဝန်ထမ်းက အောက်ဆီဂျင်ကို ဖြတ်လိုက်သည့် အတွက် မွေးကင်းစ ကလေးငယ် သုံးဦးသေဆုံး

Tuesday, 22 August 2017 09:16 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ သြဂုတ် ၂၁

အိန္ဒိယနိုင်ငံ အလယ်ပိုင်း ချက်တီဂါ ပြည်နယ်ရှိ အစိုးရ ဆေးရုံတစ်ရုံ၌ အရက်မူးနေသော ဆေးရုံဝန်ထမ်း တစ်ဦးက အောက်ဆီဂျင် ပေးထားသည်ကို ဖြတ်လိုက်သည့် အတွက် မွေးကင်းစ ကလေးငယ်သုံးဦး သေဆုံးသွားသည်ဟု ဆေးရုံ တာဝန်ရှိသူများက သြဂုတ် ၂၁ ရက်တွင်ပြောသည်။

အဆိုပါ မွေးကင်းစ ကလေးငယ်များ သေဆုံးမှုသည် ချက်တီဂါ ပြည်နယ်၏ မြို့တော် ရိုင်ပူရမြို့ရှိ ဘင်ရောအမ်ဘတ်ကာ ဆေးရုံ၌ ဖြစ်ပွားခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို ချက်ချင်း ပြုလုပ်ရန်နှင့် အပြစ်ကို အားလုံး ဝေမျှမခံရန် ပြည်နယ်ဝန်ကြီးချုပ် ရာမန်ဆင်းက အမိန့်ပေးထားသည်။ အောက်ဆီဂျင် ထောက်ပံ့မှုကို စောင့်ကြည့်ရန်အတွက် တာဝန်ပေးခြင်း ခံရသူသည် ဆေးရုံမှ ဝန်ထမ်း တစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် ကိုယ်စားတာဝန် ပေးခံရခြင်း ဖြစ်ကြောင်းနှင့် တာဝန်ချိန်တွင် အရက်သောက် ထားကြောင်း သတင်း ထုတ်ပြန်ချက်များ အရသိရသည်။

၎င်းသည် ဆေးရုံရှိ ကလေးကုသဆောင်သို့ အောက်ဆီဂျင် ထောက်ပံ့သည့် ခလုတ်ကို မှားယွင်း ပိတ်လိုက်ပြီးနောက် တစ်မှေးအိပ်လိုက်ခြင်း ဖြစ်ကြောင်းနှင့် သုံးနာရီခန့် ကြာသည် အထိ အောက်ဆီဂျင် ပြတ်တောက် သွားသောကြောင့် ကလေးငယ်များ သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါ ဆေးရုံဝန်ထမ်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ထားသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း အွတ်တာပရာ ဒေ့ပြည်နယ်ရှိ ဆေးဘက်ဆိုင်ရာ ကောလိပ်ဆေးရုံ၌ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ကလေးငယ် ၆၃ ဦး သေဆုံးပြီးနောက် ရက်အနည်းငယ် အကြာတွင် ယခုကဲ့သို့ မွေးကင်းစ ကလေးငယ်များ သေဆုံးမှု ဖြစ်ပွားခြင်းဖြစ်သည်။

Read 366 times Last modified on Tuesday, 22 August 2017 09:20