SJ WorldNews - шаблон joomla Авто

အမေရိကန်ဖျက် သင်္ဘော တစ်စင်းနှင့် ရေနံ တင်သင်္ဘော တစ်စင်း တိုက်မိ

Tuesday, 22 August 2017 09:59 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်    သြဂုတ်    ၂၁

အမေရိကန်ရေတပ်မှ ဖျက်သင်္ဘော တစ်စင်းသည် သြဂုတ် ၂၁ ရက် အစောပိုင်းတွင် စင်ကာ ပူနိုင်ငံ အနီးရှိ ပင်လယ်ရေပြင် အတွင်း၌ 

ရေနံတင် သင်္ဘော တစ်စင်းနှင့် တိုက်မိရာ ရေတပ် သား ငါးဦး ဒဏ်ရာရရှိပြီး ၁ဝ ဦးပျောက်ဆုံးလျက်ရှိကြောင်းသိရသည်။ အမေရိကန်ဖျက် သင်္ဘောဂျွန်အက်(စ်)မက်ကိန်းသည် မလက္ကာရေ လက်ကြား အနီး၌ဒေသစံ တော်ချိန်နံနက် ၅ နာရီ ၂၄ မိနစ်တွင် လိုက်ဘေးရီးယားအလံလွှင့်ထူထားသည့် ရေနံတင် သ င်္ဘော အယ်နစ်အမ်စီနှင့် တိုက်မိခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ်မှ ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြထားသည်။

ကနဦးထုတ်ပြန်ချက်များအရပဲ့ထိန်း ဒုံးကျည် တင်ဖျက်သင်္ဘောသည် မတော်တဆဖြစ်ရပ် အတွင်း အနည်းငယ်ပျက်စီးသွားသည်ဟု သိရသော်လည်း နောက်ပိုင်းတွင် ပြန်လည် ပြင် ဆင်ရန် အ တွက် စင်ကာပူနိုင်ငံ ချန်ဂီရေတပ် အခြေစိုက် စခန်းသို့ မောင်းနှင်သွားကြောင်း သိရသည်။

ပျောက်ဆုံးနေသူများကို အမေရိကန်ရေတပ်မှ ရဟတ်ယာဉ်များနှင့် အော့စပရေးလေယာဉ်များ အပြင် စင်ကာပူနိုင်ငံမှ တွန်းသင်္ဘောများကို အသုံးပြု၍ လိုက်လံရှာဖွေလျက်ရှိပြီး စင်ကာပူ အစိုး ရက လည်း ၎င်းတို့၏ရေတပ်သင်္ဘောနှင့်ရဟတ်ယာဉ်များအပါအဝင်   ကမ်းခြေစောင့် တပ် ဖွဲ့မှ ရေယာဉ်တစ်စင်းကို ရှာဖွေကယ်ဆယ်ရေးတွင်  ပါဝင်ရန်စေလွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖျက်သင်္ဘောသည် ဂျပန်နိုင်ငံ ယိုကိုဆူကာ ဆိပ်ကမ်းရှိ ရေတပ် အခြေစိုက် စခန်းမှစင်ကာပူသို့ လုပ်ဆောင်မြဲအလည် အပတ်အစီ အစဉ်အရ မောင်းနှင်လာစဉ် စင်ကာပူသို့ မောင်း နှင် လာ သည့် ရေနံတင် သင်္ဘောနှင့် ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။         

Read 382 times Last modified on Tuesday, 22 August 2017 10:06