SJ WorldNews - шаблон joomla Авто

ဆီးဂိမ်းလမ်းညွှန်စာအုပ်တွင် အင်ဒိုနီးရှား အလံကို ဇောက်ထိုး ဖော်ပြမိသည့်အတွက် မလေး ရှား တောင်းပန်

Tuesday, 22 August 2017 10:09 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ  သြဂုတ်  ၂၁

အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ၏ ပွဲစဉ်များအတွက် လမ်းညွှန် စာအုပ်ထုတ်ဝေရာတွင် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော် အလံကို ဇောက်ထိုးဖော်ပြမိသည့်

အတွက် မလေးရှားအစိုးရက သြဂုတ် ၂ဝ ရက် တွင် တောင်းပန်စကားပြောဆိုထားပြီး ¤င်းလမ်းညွှန်စာအုပ်များကို ပြန် လည်သိမ်းယူကာ ထပ်မံရိုက်နှိပ်နေပြီဟုသိရသည်။

အဆိုပါမှားယွင်းမှုကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပသော ဆီးဂိမ်းဖွင့်ပွဲနေ့က တည်းက သိရှိခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံတွင် ကန့်ကွက်သံ များ ထွက်ပေါ် လာပြီး လူမှုကွန်ရက်စာမျက်နှာများ၌ မလေးရှား အစိုးရကိုပြစ်တင်ဝေဖန်မှု များပြု လုပ် ကြောင်း သိရသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက နိုင်ငံတော်အလံကို မှားယွင်းဖော်ပြခြင်းသည် နိုင်ငံ့ဂုဏ် သိက္ခာ ကိုကျဆင်းစေပြီး မလေးရှားအစိုးရအနေဖြင့် ပြန်လည်တောင်းပန်စေလိုကြောင်း ဂျကာ တာမြို့ ၌ သတင်းထောက်များအားပြောသည်။

အင်ဒိုနီးရှားပြည်သူများအား ပြန်လည်တောင်းပန်ရန်အတွက် သမ္မတ ဂျိုကိုဝီဒိုဒိုက တောင်း ဆိုပြီး နာရီပိုင်းအတွင်း  မလေးရှားနိုင်ငံခြားရေးဝန်ကြီး   အေနီဖက် အာမန်က မရည်ရွယ်ဘဲ   အမှုမဲ့ အမှတ် မဲ့ပြုမူမိသည့်အမှားနှင့်ပတ်သက်၍ အင်ဒိုနီးရှား အစိုးရနှင့်ပြည်သူများအား အနူး အညွတ်တောင်းပန်ကြောင်းနှင့် လိုအပ်သည်များကို ဆောင်ရွက် ပေးမည်ဖြစ် ကြောင်း ပြောသည်ဟု သိရသည်။

အင်ဒိုနီးရှားအလံကို မှားယွင်းဖော်ပြခဲ့မိသည်မှာ မှန်ကန်ကြောင်းနှင့်ဆီးဂိမ်းပြိုင်ပွဲမှ တာဝန်ရှိ သူများ နှင့် ဧည့်သည်များအတွက်လမ်းညွှန်စာအုပ်အသစ်များ  ပေးပို့ပြီးဖြစ်ကြောင်း၊  ထိုကဲ့သို့ မှား ယွင်းဖော်ပြခြင်းသည် အင်ဒိုနီးရှား နိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေမိသည့်အတွက်   တောင်းပန်ကြောင်း မလေးရှား အားကစားဝန်ကြီးခိုင်ရီဂျာမာလူဒင်က အင်ဒိုနီးရှား အားက စား သမား များနှင့်တွေ့ဆုံပြီးနောက် ပြောသည်။               

Read 450 times