SJ WorldNews - шаблон joomla Авто

အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် ရေကြီးမှုများဆက်လက်ဖြစ်ပွားနေမှုကြောင့်သေဆုံးသူ ၂၅၃ ဦးအ ထိမြင့်တက်

Tuesday, 22 August 2017 10:15 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ  သြဂုတ်  ၂၁

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၌ ရေကြီးမှုများဆက်လက်ဖြစ်ပွားနေမှုကြောင့် သေဆုံး သူဦး ရေမှာ ၂၅၃ ဦးအထိမြင့်တက်လာပြီဖြစ်ကြောင်း အာဏာပိုင်များကသြဂုတ်၂၁ ရက်တွင် ထုတ်ပြန်သည်။

လက်ရှိတွင် ပြည်နယ် အတွင်းရှိ ခရိုင် ၁၈ခု၌ ရေကြီးမှုများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၁၃ သန်းကျော်မှာ ရေဘေးသင့်လျက်ရှိသည်ဟု သိရသည်။ရေကြီးမှုကြောင့်  ပြည်နယ် အ တွင်းရှိ အဓိကမြစ်ကြီးများဖြစ်သည့် ကိုရှိမြစ်၊ မဟာနန္ဒာမြစ်၊ ဂန်ဒက်မြစ်၊ဘက် မာတီမြစ်နှင့် ဂင်္ဂါမြစ်တို့၏ တာတမံများမှာ နေရာအတော်များများ၌ ကျိုးသွားသည်။မြစ်ရေကြီးမှုကြောင့် ယခင် ကရေကြီးမှု မရှိခဲ့ သည့်နေရာများတွင်ပင် ရေကြီးမှု များဖြစ်ပွားကြောင်း တာဝန်ရှိသူများက ဆိုသည်။

ရေကြီးမှုအဆိုးရွားဆုံးဖြစ်ပွားသည့်ဒေသမှာ အာရာရီယာ၊ ကာတီဟာ၊ အနောက်ချမ်ပါရန်နှင့် ဆီတာမာရီ ခရိုင်တို့ဖြစ်ပြီး ယင်းဒေသများတွင် လူသေဆုံးမှု အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရ သည်။ထို့ပြင်  ရေကြီးမှုကြောင့် စိုက်ပျိုးမြေဟက် တာခုနစ်သိန်းကျော်ပျက်စီးပြီး လူနေထိုင်သည့်တဲ အလုံးပေါင်း ၂ဝဝဝဝ ကျော်မှာရေစီးနှင့်အတူ မျောပါသွားကြောင်း အာဏာ ပိုင်များ၏ ထုတ်ပြန် ချက် အရ သိရသည်။

Read 435 times