SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အမေရိကန် တပ်ဖွဲ့ဝင်များကို မရုပ်သိမ်းပါက အာဖဂန် နစ္စတန် နိုင်ငံသည် ယင်းတပ်ဖွဲ့ ဝင်များအတွက် သုသာန် ဖြစ်စေရမည်ဟု တာလီဘန်အဖွဲ့ သတိပေး

Wednesday, 23 August 2017 08:52 font size decrease font size decrease font size increase font size increase font size

ကဘူး သြဂုတ် ၂၂

အာဖဂန် နစ္စတန်နိုင်ငံ အတွင်းမှ အမေရိကန် တပ်ဖွဲ့ဝင်များကို မရုပ်သိမ်းပါက အာဖဂန် နစ္စတန် နိုင်ငံသည် ယင်းတပ်ဖွဲ့ဝင်များ အတွက် သုသာန်တစပြင် ဖြစ်လာစေမည် ဖြစ်ကြောင်း တာလီဘန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကဘီအူလက် မူဂျာဟစ်က သြဂုတ် ၂၂ ရက်တွင် သတိပေးထားသည်။

အမေရိကန် အစိုးရ အနေဖြင့် စစ်ပွဲကို ဆက်လက် လုပ်ဆောင်မည့် အစားလက်ရှိ မဟာ ဗျူဟာကို စဉ်းစား သုံးသပ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ အမေရိကန် တပ်ဖွဲ့ဝင်များသည် အာဖဂန် နစ္စတန် မြေပေါ်တွင် အချိန်ကြာမြင့်စွာ နေထိုင်ပြီး တာလီဘန် အဖွဲ့အပေါ် တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် ၎င်းတို့ ဘက်ကလည်း ဂျီဟတ်စစ်ပွဲကို ဆက်လက် ဆင်နွှဲသွားမည် ဖြစ်ကြောင်း မူဂျာဟစ်က ပြောသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတ တာဝန်ကို စတင် ထမ်းဆောင်ပြီးနောက် ပထမဆုံး မိန့်ခွန်းတွင် အာဖဂန် နစ္စတန် နိုင်ငံအတွင်း အချိန်ကာလ ကြာရှည်စွာ ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်၍ ၎င်းနိုင်ငံအတွင်းမှ အမေရိကန် တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းမည် ဖြစ်ကြောင်း ပြောဆိုထားသော်လည်း ယနေ့ အချိန်အထိ တိတိကျကျ ဆောင်ရွက်ခြင်း မရှိကြောင်း မူဂျာဟစ်က ဆိုသည်။ ထရမ့်သည် အာဖဂန် နစ္စတန် နိုင်ငံအတွင်းမှ ရုပ်သိမ်းမည့် တပ်ဖွဲ့ဝင် အရေအတွက်ကို အတိအကျ ပြောဆိုရန် ငြင်းဆိုထားပြီး ၎င်းနိုင်ငံသို့ တပ်ဖွဲ့ဝင် ၃၉ဝဝ ထပ်မံစေလွှတ်ရန် ကာကွယ်ရေး ဝန်ကြီးကို အမိန့်ပေးထား သည်ဟု အိမ်ဖြူတော်မှ တာဝန်ရှိသူများက ပြောသည်။

ထရမ့်သည် အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူဘု ကဲ့သို့ အမေရိကန် တပ်ဖွဲ့ဝင်များကို စတေးနေခြင်း ဖြစ်ကြောင်း၊ တာလီဘန် တပ်ဖွဲ့အနေဖြင့် နိုင်ငံအား မည်ကဲ့သို့ ကာကွယ်ရမည်ကို သိရှိပြီး ဖြစ်ကြောင်းနှင့် ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက်သည် ပြောင်းလဲမည် မဟုတ်ကြောင်း တာလီဘန် တပ်ဖွဲ့မှ ထိပ်တန်း အကြီးအကဲ တစ်ဦးက AFP သတင်းဌာနသို့ ပြောသည်။

Read 361 times Last modified on Wednesday, 23 August 2017 08:56