SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အီတလီနိုင်ငံရှိ အပန်းဖြေကျွန်း၌ ငလျင်လှုပ်၊ နှစ်ဦးသေဆုံး ကလေးငယ်နှစ်ဦး ပိတ်မိ

Wednesday, 23 August 2017 08:56 font size decrease font size decrease font size increase font size increase font size

ရောမ သြဂုတ် ၂၂

အီတလီနိုင်ငံ၌ နိုင်ငံခြား ခရီးသွားများ လာရောက်လည်ပတ်လေ့ ရှိသည့် အစ်ချီယာ အပန်းဖြေကျွန်း၌ သြဂုတ် ၂၁ ရက် ညပိုင်းတွင် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်းနှင့် ကလေးငယ် နှစ်ဦးမှာ အပျက်အစီးများ ကြား၌ ပိတ်မိနေကြောင်း သြဂုတ် ၂၂ ရက် ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် နာရီပေါင်းများစွာ အကြာတွင် အပျက်အစီးများ အောက်၌ ပိတ်မိနေသည့် အသက်ခုနစ်လရှိ ကလေးငယ် တစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့က အသက်ရှင်လျက် ရှာဖွေတွေ့ရှိသည်။ ထို့နောက် ၎င်း၏ အသက် ၁၁ နှစ်နှင့် ခုနစ်နှစ်ရှိ အကိုနှစ်ဦး၏ တည်နေရာကို ကယ်ဆယ်ရေး အဖွဲ့က သိရှိထားပြီး ဖြစ်ကြောင်း သိရသည်။ သို့သော် ညီအစ်ကိုနှစ်ဦးကို မကယ်ဆယ်မီ ၎င်းတို့ထံသို့ ရေနှင့်အစာများကို ပိုက်ပြွန်ဖြင့် ပေးပို့ရကြောင်းနှင့် အဆိုပါ ကလေးငယ်များ၏ မိဘနှစ်ဦးကိုလည်း ကယ်ဆယ်ထားကြောင်း မီးသတ်တပ်ဖွဲ့က ပြောသည်။ ငလျင်လှုပ်ခတ်မှုကြောင့် နပ်လက်ကမ်းရိုးတန်းရှိ အဆိုပါ အပန်းဖြေ ကျွန်းပေါ်မှ ဒေသခံများနှင့် ပြည်ပခရီးသွား ဧည့်သည်များသည် နေအိမ်များနှင့် တည်းခိုခန်းများမှ ထွက်ပြေးသွားကြောင်း သိရသည်။

Read 385 times Last modified on Wednesday, 23 August 2017 08:59