SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နျူကလီးယား သဘောတူ စာချုပ်ကို အမေရိကန် ရုပ်သိမ်းပါက ငါးရက်အတွင်း သန့်စင် ယူရေနီယမ် များကို ပိုမို ထုတ်လုပ်မည်ဟု အီရန်ဆို

Wednesday, 23 August 2017 08:59 font size decrease font size decrease font size increase font size increase font size

လန်ဒန် သြဂုတ် ၂၂

၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် ချုပ်ဆိုထားသော နျူကလီးယား သဘောတူ စာချုပ်ကို အမေရိကန်က ရုပ်သိမ်းပါက ငါးရက်အတွင်း သန့်စင်ယူရေနီယမ် များကို    ပိုမိုထုတ်လုပ်မည် ဖြစ်ကြောင်း အီရန်အဏုမြူ စွမ်းအင်ဆိုင်ရာ အကြီးအကဲက သြဂုတ်၂၂ ရက်တွင်ပြောသည်။

အီရန်သမ္မတ ဟက်ဆန်ရိုဟာနီသည် ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သော အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ တရုတ် အပါအဝင် ဥရောပတိုက်မှ အင်အားကြီး သုံးနိုင်ငံနှင့် နျူကလီးယား သဘောတူစာချုပ် ချုပ်ဆိုသည်။ အဆိုပါ သဘောတူ စာချုပ်အရ အီရန်နိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှု များစွာကို ဖယ်ရှားပေးခဲ့ပြီး အပြန်အလှန် အနေဖြင့် အီရန် အစိုးရက နျူကလီးယား အစီအစဉ်ကို အကန့်အသတ်နှင့်ပင် ပြုလုပ်ခွင့် ရရှိသည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံအပေါ် ချမှတ်မည့် အရေးယူ ပိတ်ဆို့မှု မူကြမ်းကို လက်မှတ်ထိုးပြီးနောက် အီရန်သမ္မတ ရိုဟာနီသည် နျူကလီးယား သဘောတူ စာချုပ်ကို ဆက်လက်ထိန်းသိမ်း ထားနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

အကယ်၍ အမေရိကန် အစိုးရက အီရန်နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်များ ထပ်မံချမှတ်ပါက နာရီပိုင်းအတွင်း နျူကလီးယား သဘောတူညီချက်ကို စွန့်လွှတ်ရမည် ဖြစ်ကြောင်း ရိုဟာနီက ပြီးခဲ့သည့် ရက်သတ္တပတ်တွင် သတိပေးထားသည်။ အီရန်သမ္မတ၏ သတိပေးချက်မှာ အခြေအမြစ် မရှိသည့် သတိပေးချက် မဟုတ်ကြောင်း၊ အမေရိကန် ပြည်ထောင်စု အနေဖြင့် အရေးယူ ပိတ်ဆို့မှု အသစ်များကို ထပ်မံချမှတ်ပါက ငါးရက်အတွင်း ဖော်ဒိုး နျူကလီးယား စက်ရုံ၌ သန့်စင်ယူရေနီယမ် များကို ၂ဝ ရာခိုင်နှုန်း ထုတ်လုပ်ရန် ဆုံးဖြတ်ထားကြောင်း အီရန်နိုင်ငံ၏ အဏုမြူစွမ်းအင် အဖွဲ့အစည်းမှ အကြီးအကဲ အလီအက်ဘာ ဆာလေးဟီးက သြဂုတ် ၂၂ ရက်တွင် ပြောသည်။ သို့သော် ယခုလအတွင်း ဒုတိယ သမ္မတအဖြစ် ပြန်လည်ခန့်အပ် ခံရသည့် ဆာလေးဟီးက ၎င်း၏ထိပ်တန်း ဦးစားပေး ရည်ရွယ်ချက်မှာ JCPOA ဟုခေါ်တွင်သည့် နျူကလီးယား သဘောတူစာချုပ်ကို ထိန်းသိမ်း ကာကွယ်ရန် ဖြစ်သည်ဟု ဆိုသည်။ နျူကလီးယား သဘောတူစာချုပ် ချုပ်ဆိုပြီးနောက် အီရန်အစိုးရသည် ဖော်ဒိုး နျူကလီးယား စက်ရုံ၌ တပ်ဆင်ထားသော ယူရေနီယမ် သန့်စင်စက် အရေအတွက်ကို လျှော့ချခဲ့ရကြောင်း သိရသည်။

Read 361 times Last modified on Wednesday, 23 August 2017 09:02