SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပြုပြင်ပြောင်းလဲ မှုများ လုပ်ဆောင်ရေး ဥရောပ သမဂ္ဂက အာဖဂန် နစ္စတန်အား ယူရိုသန်း ၁ဝဝ ပေးအပ်ရန် အတည်ပြု

Wednesday, 23 August 2017 09:02 font size decrease font size decrease font size increase font size increase font size

ဘရပ်ဆဲ သြဂုတ် ၂၂

အာဖဂန်နစ္စတန် နိုင်ငံအတွင်း အဓိကကျသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးအတွက် ဥရောပ သမဂ္ဂက ယူရို သန်း ၁ဝဝ ပေးအပ်ရန် အတည်ပြုလိုက်ကြောင်း သိရသည်။

ဥရောပ သမဂ္ဂသည် အာဖဂန်နစ္စတန် အစိုးရနှင့် လက်မှတ်ထိုးထားသည့် နိုင်ငံတည် ဆောက်ရေး သဘောတူညီချက် အရ ဘဏ္ဍာရေး အကူအညီ ပေးအပ်ရန် သြဂုတ် ၂၁ ရက်တွင် အတည်ပြုခြင်း ဖြစ်သည်။ ဥရောပ သမဂ္ဂက ပေးအပ်မည့် အကူအညီများသည် အာဖဂန် နစ္စတန် နိုင်ငံအတွင်းရှိ ကျယ်ပြန့်သည့် စီးပွားရေး တည်ငြိမ်မှု ရှိစေရေး၊ အစိုးရ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှု တိုးတက်လာစေရေး၊ အစိုးရ အသုံးစရိတ် ချမှတ်ရာတွင် ပွင့်လင်း မြင်သာမှု ရှိရေးနှင့် မူဝါဒ တိုးတက်ကောင်းမွန် လာရေးတို့အတွက် ရည်ရွယ်ကြောင်း အာဖဂန် နစ္စတန်ဆိုင်ရာ ဥရောပ သမဂ္ဂ ကိုယ်စားလှယ် အဖွဲ့က ထုတ်ပြန်ချက် တစ်စောင်တွင်   ဖော်ပြထားသည်။

အာဖဂန်နစ္စတန် နိုင်ငံတွင် လုံခြုံရေးအရ စိန်ခေါ်မှုများ ရှိနေသော်လည်း ပြီးခဲ့သည့် တစ်နှစ်အတွင်း အဆိုပါ နယ်ပယ်များတွင် တိုးတက်မှုများ ဖြစ်ပေါ်လာပြီးနောက် ဥရောပ သမဂ္ဂ၏ အကူအညီပေးရေး အတည်ပြုချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။ ဥရောပ သမဂ္ဂနှင့် အာဖဂန် နစ္စတန် အစိုးရတို့ အကြား နိုင်ငံတည်ဆောက်ရေး သဘော တူညီချက်ကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ဘရပ်ဆဲမြို့၌ ကျင်းပသည့် အာဖဂန် နစ္စတန်ဆိုင်ရာ ညီလာခံတွင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

Read 359 times Last modified on Wednesday, 23 August 2017 09:05