SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရုရှားနိုင်ငံ ရော့စတော့အွန်ဒွန် မြို့၌ မီးလောင်မှုကြီး ဖြစ်ပွား အဆောက်အအုံ ၁ဝဝ ကျော် ပျက်စီး

Wednesday, 23 August 2017 09:05 font size decrease font size decrease font size increase font size increase font size

မော်စကို သြဂုတ် ၂၂

ရုရှားနိုင်ငံတောင်ပိုင်း ရော့စတော့အွန်ဒွန် မြို့၌ သြဂုတ် ၂၁ ရက်တွင် မီးလောင်မှုကြီး ဖြစ်ပွားရာ အဆောက်အအုံ ၁ဝဝ ကျော် မီးလောင် ပျက်စီးသွားကြောင်း ဒေသတွင်း သတင်းဌာနက ထုတ်ပြန်သည်။

နောက်ဆုံး ထုတ်ပြန်ချက်အရ လူနေအိမ် ၈၃ လုံးအပါအဝင် အဆောက်အအုံ ၁ဝ၇ လုံး မီးလောင်သွားကြောင်း ဒေသတွင်း အရေးပေါ် ဌာန၏ ပြောဆိုချက်ကို ကိုးကား၍ TASS သတင်းဌာနက သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန်သည်။ ရော့စတော့ဒေသကို အစိုးရ အဆင့်ရှိသော အရေးပေါ် အခြေအနေ ကျရောက်ရာ ဒေသအဖြစ် ကြေညာလိုက်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ အဆိုပါ မီးလောင်မှုကြောင့် သေကျေဒဏ်ရာ ရရှိသူစာရင်းကို ထုတ်ပြန်ထားခြင်း မရှိကြောင်းနှင့် လူပေါင်း ၆ဝဝ ကို ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးလိုက်ကြောင်း သိရသည်။ မီးလောင်မှုကြောင့် လူ ၄၅ ဦးသည် ဆေးကုသမှု ခံယူရန် လိုအပ်လျက်ရှိပြီး ၎င်းတို့အနက် ခုနစ်ဦးကို တာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင် ထားကြောင်း သိရသည်။

ဒေသတွင်း အစိုးရသည် မီးငြှိမ်းသတ်ရန် အတွက် မီးသတ်တပ်ဖွဲ့ဝင် ၁၂ဝဝ ကို စေလွှတ် ခဲ့သော်လည်း လေတိုက်နှုန်း ပြင်းထန်မှုနှင့် မြင့်မားသည့် အဆောက်အအုံများ သိပ်သည်း ခြင်းသည် မီးငြှိမ်းသတ်မှုကို အဟန့်အတား ဖြစ်စေသော်လည်း နောက်ပိုင်းတွင် အောင်မြင်စွာ မီးငြှိမ်းသတ်နိုင် ခဲ့ကြောင်း TASS သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Read 354 times Last modified on Wednesday, 23 August 2017 09:08