SJ WorldNews - шаблон joomla Авто

မာဒါဂက်စကားနိုင်ငံ အတွင်း၌ အင်အားပြင်း အီလီယာကင်မုန်တိုင်းတိုက်ခတ် အယောက် ၂ဝ သေဆုံး

Wednesday, 21 March 2018 09:32 font size decrease font size decrease font size increase font size increase font size

အန်တာနာနာရီဗို  မတ်  ၂ဝ

မာဒါဂက်စကားနိုင်ငံ၌ အင်အားပြင်းသည့် အီလီယာကင်အပူပိုင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ဝ သေ ဆုံးပြီး အခြား ၁၉ဝဝဝ ကျော်မှာ မုန်တိုင်းဒဏ်ခံစားခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရသိရသည်။

၎င်းမုန်တိုင်းတိုက်ခတ်မှု နှင့်အတူ  မိုးသည်းထန်စွာရွာသွန်းရာမှ ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံအတွင်းရှိ အချို့ အမြန်လမ်းမများကို ယာယီပိတ်ထားရကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဌာနက မတ် ၁၉ ရက် နှောင်းပိုင်းတွင်ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် မတ် ၁၈ ရက်တွင် ၎င်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၇ ဦးသေဆုံးပြီး ဒေသခံ ၁၅ဝဝဝ မှာ မုန်တိုင်း ဒဏ်ခံစားနေရကြောင်း   အဆိုပါဌာနက ဆက်လက်ပြောသည်။

¤င်းမုန်တိုင်းသည် ကမ်းရိုးတန်းတစ် လျှောက်မတိုက်ခတ်မီ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မာဆိုလာ ကျွန်း အရှေ့မြောက်ပိုင်း အတွင်းသို့ ဝင်ရောက်တိုက်ခတ် ခဲ့ကြောင်းသိရသည်။

၎င်းမုန်တိုင်းသည် နောက်ပိုင်းတွင် အိန္ဒိယ သမုဒ္ဒရာကျွန်းမှ ရွေ့လျားသွားခဲ့ပြီး ယခုအခါ  မုန်တိုင်း အခြေ အနေမှာ  စိုးရိမ် ဖွယ်မရှိကြောင်း သိရသည်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် ပါဝင်သည့် မာဒါဂက်စကား နိုင်ငံသို့ အပူပိုင်းမုန်တိုင်းနှင့် ဆိုင်ကလုန်း မုန်တိုင်းများ မကြာခဏ ဝင်ရောက် တိုက်ခတ်လေ့ရှိကြောင်း သိရသည်။                          

Read 218 times Last modified on Wednesday, 21 March 2018 09:39