SJ WorldNews - шаблон joomla Авто

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ငါးကြိမ်မြောက်ပေါက်ကွဲမှုဖြစ်ပွား

Wednesday, 21 March 2018 09:39 font size decrease font size decrease font size increase font size increase font size

အော်စတင်   မတ်   ၂ဝ

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့ရှိ စာတိုက်တစ်ခု၌ မတ် ၂ဝ ရက် နံနက်ပိုင်းတွင်  ပါဆယ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ   လူတစ်ဦးထိခိုက် ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုသည် မတ် ၂ ရက်မှ စတင်၍ တက္ကဆက်ပြည်နယ်တွင် ငါးကြိမ်မြောက်ပေါက်ကွဲမှုဖြစ်ပြီး ယခင် ပေါက်ကွဲမှု များအတွင်း နှစ်ဦးသေဆုံး၍ ငါးဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် ပါဆယ်ထုပ်မှာ အော်စတင်မြို့သို့ပေးပို့ရမည့် အထုပ်ဖြစ်ပြီး စာပို့လုပ်သား ကိုင်ဆောင်ထားစဉ် ပေါက်ကွဲ ခဲ့ခြင်းကြောင့် အလုပ်သမားတစ်ဦးထိခိုက် ဒဏ်ရာရရှိသည်။

ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ် Fedex စာတိုက်အတွင်း ဝန်ထမ်း ၇၅ ဦး အလုပ်လုပ်ဆောင်လျက် ရှိကြောင်း၊ ပေါက်ကွဲ မှုကြောင့် ဝန်ထမ်းတစ်ဦးထိခိုက် ဒဏ်ရာရရှိသော်လည်း အသက်အန္တရာယ် မစိုးရိမ် ရကြောင်း သိရသည်။

တက္ကဆက်ပြည်နယ်၌ မတ် ၂ ရက်တွင် ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး သေဆုံးသည်။ မတ် ၁၂ ရက်တွင်ထပ်မံ ၍ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားရာ ဆယ်ကျော် သက်တစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်။    ဒုတိယအကြိမ် ပေါက်ကွဲမှုတွင်  အငြိမ်းစားဝန် ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး  မတ် ၁၈ ရက်တွင်လည်း ပေါက်ကွဲမှုထပ်မံဖြစ်ပွားရာ အမျိုးသား နှစ်ဦးထိခိုက် ဒဏ်ရာရရှိသည်။   ရဲတပ်ဖွဲ့က  ပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်း ပေးနိုင်သူ အား အမေရိကန်ဒေါ်လာ ၁၁၅ဝဝဝ ချီးမြှင့် သွားမည်ဟု သိရသည်။

Read 214 times Last modified on Wednesday, 21 March 2018 09:42