SJ WorldNews - шаблон joomla Авто

ရာသီဥတု ပြောင်းလဲမှုကြောင့် ဖွံ့ဖြိုးမှု အားနည်းသည့်ဒေသများမှ လူ ၁၄၃သန်းကျော်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ ပေးရမည်

Wednesday, 21 March 2018 09:42 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်    မတ်   ၂ဝ

လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် တောင်အာရှ၊ ဆာဟာရ ဒေသခွဲ အာဖရိကနှင့် လက်တင် အမေရိကတစ်ဝန်းရှိ လူပေါင်း ၁၄၃ သန်းကျော်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ ပေးရမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှအစီရင်ခံစာ တစ်စောင်တွင် သတိပေးထားသည်။

မိုးခေါင်ရေရှားမှု၊ ကောက်ပဲသီးနှံမဖြစ် ထွန်းမှုနှင့် ပင်လယ်ရေမြင့်တက်မှုတို့ကြောင့် ဒေသခံသန်းပေါင်း များစွာကို ၎င်းတို့နိုင်ငံ အတွင်းရှိ အခြားဒေသများသို့ ပြောင်းရွှေ့ ပေးရမည်ဖြစ်ကြောင်း ၎င်းအစီရင်ခံ စာတွင် ဖော်ပြထားသည်။

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သိသိသာသာမလျှော့ချနိုင်ပါက ၂ဝ၅ဝ ပြည့်နှစ် အရောက်တွင် ရွှေ့ပြောင်း ဒုက္ခသည် အရေ အတွက်မှာ ပိုမိုများပြားလာနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် စီးပွားရေး၊ လူမှုရေးဆိုင်ရာနယ်ပယ်များတွင်လည်း တစ်နေ့တခြား ထိခိုက်မှုများ ဖြစ်ပေါ် လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ အမှုဆောင်ညွှန်ကြားရေးမှူး ခရစ္စတယ် လိုင်နာ ဂျော်ဂျီ ဗာက အစီရင်ခံစာ အစတွင် ရေးသားထားသည်။

ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို  အဆိုးရွားဆုံး ခံစားရနိုင်ကြောင်း   ၎င်းက ဆက်ပြောသည်။

Read 244 times Last modified on Wednesday, 21 March 2018 09:44