SJ WorldNews - шаблон joomla Авто

ဒေါ်လာ ၇၂ သန်းတန်ဖိုးရှိ ရေဒီယိုသတ္တိကြွစေသည့် သတ္တုတစ်မျိုးကို တူရကီ ရဲတပ်ဖွဲ့ သိမ်းဆည်းရမိ

Wednesday, 21 March 2018 12:18 font size decrease font size decrease font size increase font size increase font size

အန်ကာရာ    မတ်    ၂ဝ

တူရကီရဲတပ်ဖွဲ့သည်ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး သတ္တုတစ်မျိုးဖြစ်သည့် ဒေါ်လာ  ၇၂သန်းတန်ဖိုးရှိ ရေဒီယို သတ္တိကြွ စေသည့် ကာလီဖိုးနီးယန်း သတ္တုကို သိမ်းဆည်းရမိခဲ့ကြောင်း  Yeni Safak  သတင်းစာ က ဖော်ပြသည်။

အလေးချိန် ၁ ဒသမ ၅ ကီလိုဂရမ်နီးပါးရှိ အဆိုပါသတ္တုကို ရဲတပ်ဖွဲ့က အန်ကာရာ မြို့တော်အနီးရှိ ပါဆာကာ ဒေသ၌ သိမ်းဆည်း ရမိခြင်းဖြစ်ပြီး  ယင်းရေဒီယို သတ္တိကြွသတ္တု နှင့်ဆက်နွှယ်နေသည်ဟု ယူဆရသူ လူလေးဦးကိုရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်းသိရသည်။ 

ဖမ်းဆီးခံထားရသူများသည် အဆိုပါကာလီဖိုးနီးယန်းသတ္တုကို ဒေါ်လာ ၇၂ သန်းဖြင့် ရောင်းချရန်စီစဉ် လျက် ရှိကြောင်း  ရဲတပ်ဖွဲ့က ဆိုသည်။  အဆိုပါရေဒီယို သတ္တိကြွသတ္တု၏ဈေးကွက်ပေါက်ဈေးမှာ  ၁ ဂရမ်လျှင် ဒေါ်လာလေးသန်း တန်ဖိုးရှိကြောင်း သတင်းစာတွင် ဖော်ပြထားသည်။  ဖမ်းဆီးခံထားရသူ များသည် သီးခြားလုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ ဒုစရိုက်အဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့သည်ဟု တူရကီ အာဏာပိုင်များက ယူဆထားသည်။ အဆိုပါ ကာလီဖိုးနီးယန်း သတ္တုသိမ်းဆည်းရမှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းလျက်ရှိသည်။

ကာလီဖိုးနီးယန်းသတ္တုကို အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်ရှိ လောရင့် ဘာကီလီ အမျိုးသား ဓာတ်ခွဲခန်းတွင် ၁၉၅ဝ ပြည့်နှစ်က ပထမဆုံး အကြိမ်အဖြစ် ပေါင်းစပ်ဖန်တီးခဲ့ခြင်းဖြစ်ပြီး  ယင်းသတ္တုကို  အမေရိကန် ပြည်ထောင်စုနှင့်  ရုရှားနိုင်ငံတို့တွင်သာ ထုတ်လုပ်လေ့ရှိကြောင်း သိရသည်။

 

...........

Read 248 times Last modified on Wednesday, 21 March 2018 12:19