SJ WorldNews - шаблон joomla Авто

သမ္မတ ရွေးကောက်ပွဲတွင် ပူတင်အနိုင်ရရှိမှုအပေါ် အမေရိကန်အစိုးရက ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောဆိုရန်ငြင်းဆို ခဲ့ခြင်းသည် အရေးကြီး ကိစ္စရပ်တစ်ခုမဟုတ်ဟု ရုရှားဆို

Wednesday, 21 March 2018 12:19 font size decrease font size decrease font size increase font size increase font size

မော်စကို    မတ်    ၂ဝ

ရုရှားနိုင်ငံ၌ကျင်းပသည့် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဗလာဒီမာပူတင်အနိုင်ရရှိမှုအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂုဏ်ယူဝမ်းမြောက်ကြောင်း  ပြောဆိုရန်ငြင်းဆိုခဲ့ခြင်းသည်   အရေးကြီး ကိစ္စရပ် တစ်ခုမဟုတ်ကြောင်း ရုရှားအစိုးရ၏ပြောရေးဆိုခွင့်ရှိသူ  ဒီမီထရီပက်စကော့က မတ် ၂ဝ ရက်တွင် ပြောကြားသည်။

ထို့ပြင်  ရွေးကောက်ပွဲတွင်  သမ္မတပူတင် ပြန်လည်ရွေးကောက်ခံရခြင်းအပေါ်   ထရမ့်က တိတ်ဆိတ် နေခြင်း အား ရင်းနှီးခင်မင်မှုမရှိသည့် လုပ်ရပ်အဖြစ်သဘောမထားကြောင်း ပက်စကော့က သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သတင်းထောက်များကိုပြောကြားသည်။

ရုရှားသမ္မတရွေးကောက်ပွဲမှ  ထွက်ပေါ်လာ သည့်ရလဒ်နှင့်စပ်လျဉ်း၍   အမေရိကန်အစိုးရ အနေဖြင့် အံ့သြခြင်း မရှိကြောင်း၊ ရွေးကောက်ပွဲ၌ ပူတင်ပြန်လည် ရွေးကောက်ခံမှုအပေါ် အမေရိကန် ပြည်ထောင်စုမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားမည့်အစီအစဉ်မရှိဟု အိမ်ဖြူတော်က မတ်၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

ရုရှားနှင့် အမေရိကန်ဆက်ဆံရေးသည် ယခု အချိန်တွင်  ယိုယွင်းလျက်ရှိသော်လည်း နှစ်နိုင်ငံ ဆက်ဆံ ရေး ပြန်လည်ပုံမှန်ဖြစ်စေရေး လုပ်ဆောင်ရန် သမ္မတပူတင်က လမ်းဖွင့်ပေးထားကြောင်း၊   အမေရိကန် အစိုးရနှင့်    ဆက်ဆံရေးပြန်လည် ကောင်းမွန်ရေးသည် ရုရှားအစိုးရ၏ အကျိုးစီးပွားတွင်   ပါဝင်လျက်ရှိ ကြောင်း   ပက်စကော့က  ထပ်လောင်းပြောကြားထားကြောင်း သိရသည်။

ပူတင်သည် နိုင်ငံအတွင်းကျင်းပသည့် သမ္မတ ရွေးကောက်ပွဲတွင် ထောက်ခံမဲအများစုဖြင့် အနိုင်ရရှိပြီး သမ္မတအဖြစ် နောက်ထပ်ခြောက်နှစ်ကြာ သက်တမ်းကို    ထပ်မံထမ်းဆောင်ရမည်ဖြစ်သည်။

Read 261 times Last modified on Wednesday, 21 March 2018 12:21