SJ WorldNews - шаблон joomla Авто

ဆီးရီးယားတွင် ဓာတုလက်နက်ဖြင့်တိုက်ခိုက်ရန်ကြိုးပမ်းမှု သုံးခုကို တားဆီးနိုင်ခဲ့ဟု ရုရှားကာကွယ်ရေး ဝန်ကြီးပြောကြား

Wednesday, 21 March 2018 12:21 font size decrease font size decrease font size increase font size increase font size

မော်စကို   မတ်   ၂ဝ

ဆီးရီးယားနိုင်ငံတွင် ပြီးခဲ့သည့်ရက်သတ္တ ပတ်အတွင်း ဓာတုလက်နက်ဖြင့်အသုံးပြု၍ တိုက်ခိုက်ရန် ကြိုးပမ်းမှု သုံးခုကို တားဆီးနိုင် ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုအီဂူက မတ် ၂ဝ ရက်တွင်ပြောကြားသည်။

အကြမ်းဖက်သမားသည် နိုင်ငံအတွင်း ဓာတုပစ္စည်းများဖြင့် တိုက်ခိုက်မည့် အလားအလာသည်   ဆက်လက် တည်ရှိနေသေးကြောင်း၊ နောက်ပိုင်းတွင် အဆိုပါ တိုက်ခိုက်မှုများသည်   ဆီးရီးယားအစိုးရ တပ်များက  လုပ်ဆောင်ခဲ့သည်ဟူသော   စွပ်စွဲမှုများကို ထွက်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်  ဆီးရီးယားရှိ  ရုရှား တပ်ဖွဲ့ဝင်များက  အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ ၏လုပ်ဆောင် ချက်များကို စောင့်ကြည့်လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားထားသည်။

စစ်သွေးကြွများနှင့် ဆီးရီးယားအစိုးရတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ် ပွားခဲ့သည့် အရှေ့ဂူတာ ဒေသရှိ နယ်မြေပိုင်နက် ၆၅ ရာခိုင်နှုန်းကျော်ကို အစိုးရတပ်များက ပြန်လည် သိမ်းပိုက်နိုင်ပြီဖြစ် သော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှာပင်  ဓာတု လက်နက်ဖြင့် တိုက်ခိုက်မည့် ကြိုးပမ်းမှုများကို အစိုးရတပ်များက  ဟန့်တားနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနတွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင်  ရှိုအီဂူကပြောကြားခြင်းဖြစ်သည်။ တစ်ချိန်တည်း မှာပင်  အစိုးရတပ်များသည်   ဒမတ်စကပ်မြို့တော် ဆင်ခြေဖုံးဒေသတွင် ပြီးခဲ့သည့်ငါးရက်ခန့်မှ စ၍ပိတ်မိနေခဲ့သည့်  အရပ်သား  ၇၉ဝဝဝ ကျော်ကို  ဘေးကင်းရာသို့  ရွှေ့ပြောင်းပေး လျက်ရှိကြောင်း သိရသည်။  

Read 321 times Last modified on Wednesday, 21 March 2018 12:23