SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံက မည်သည့် နိုင်ငံကိုမျှ ခြိမ်းခြောက်ခြင်း၊ ဗိုလ်ကျ လွှမ်းမိုးခြင်းမရှိဟု ရှီကျင့်ဖျင်ပြောကြား

Wednesday, 21 March 2018 12:24 font size decrease font size decrease font size increase font size increase font size

ပေကျင်း   မတ်   ၂ဝ

တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက် နေပြီး  မည်သည့် နိုင်ငံကိုမျှ  ခြိမ်းခြောက်ခြင်း၊  ဗိုလ်ကျ လွှမ်းမိုး ခြင်း မရှိဟု တရုတ်သမ္မတရှီကျင့်ဖျင်က မတ်၂ဝ ရက်တွင် ပြောကြားလိုက်သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများ အပေါ်  ဗိုလ်ကျလွှမ်းမိုးရန် ကြိုးပမ်းမည် မဟုတ်ကြောင်း၊ အခြား နိုင်ငံများအပေါ် ခြိမ်းခြောက်နေသည့်  နိုင်ငံများကသာ  အခြားနိုင်ငံအားလုံးက ၎င်းတို့အား ခြိမ်းခြောက်နေသည့် နိုင်ငံများအဖြစ် သဘောထားနေခြင်းသာဖြစ်ကြောင်း (၁၃)ကြိမ်မြောက်  အမျိုးသား ပြည်သူ့ ညီလာခံ၏  ပထမ အကြိမ်ဆွေးနွေးပွဲပိတ်ပွဲအခမ်းအနား၌  မိန့်ခွန်းပြောကြားရာတွင် ရှီက ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

တရုတ်ပြည်သူများသည် ငြိမ်းချမ်းရေးနှင့် လူသားအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ရေးကိုသာ   လိုလားသူ များဖြစ်ကြောင်း ရှီကထပ်လောင်းပြောကြားသည်။ ထို့ပြင် တရုတ်နိုင်ငံသည် နိုင်ငံတကာ ဆက်ဆံရေးတွင်   တရားမျှတမှုကို ရှာဖွေလျက်ရှိပြီး နိုင်ငံများကြားဖြစ်ပေါ်နေသည့် ပြဿနာရပ် အားလုံးကို ဆွေးနွေး တိုင်ပင်ခြင်း အားဖြင့် ဖြေရှင်းရန်တောင်းဆိုထားကြောင်း ၎င်းကဆိုသည်။

အလားတူ တရုတ်နိုင်ငံသည် မည်သည့်နိုင်ငံ အပေါ်ကိုမျှ လွှမ်းမိုးမည်မဟုတ်သလို အခြားနိုင်ငံ များအနေဖြင့် လည်း တရုတ်နိုင်ငံအပေါ်လွှမ်းမိုး ခွင့်ပြုမည်မဟုတ်ကြောင်း သမ္မတရှီကပြောကြား ထားကြောင်း သိရသည်။            

Read 296 times Last modified on Wednesday, 21 March 2018 12:25