SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နျူကလီးယား ခြိမ်းခြောက်မှုကို အဆုံးသတ်နိုင်ရေးအတွက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပနိုင်ဖွယ်ရှိဟု တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်ပြော

Thursday, 22 March 2018 11:41 font size decrease font size decrease font size increase font size increase font size

ဆိုး မတ် ၂၁

ကိုရီးယားကျွန်းဆွယ်ပေါ်ရှိ နျူကလီးယားခြိမ်းခြောက်မှုကို အဆုံးသတ်နိုင်ရေးအတွက် ရည်မှန်းသည့် သုံးပွင့်ဆိုင်ဆွေးနွေး ပွဲတစ်ရပ်ကို ကျင်းပနိုင်ဖွယ်ရှိသည်ဟု တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်က မတ် ၂၁ ရက်တွင်ပြောသည်။ အဆိုပါ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်မည်ဖြစ်သော် လည်း အသေးစိတ် အချက်အလက်များကိုမူ မွန်ကထုတ်ဖော် ပြောဆိုခြင်းမရှိပေ။ မွန်သည်မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် နောက်လတွင် တွေ့ဆုံရန်စီစဉ်ထားပြီး တစ် ချိန်တည်းမှာပင် အမေရိကန်သမ္မတ ထရမ့်က ခေါင်းဆောင်ကင်နှင့် မေလတွင် တွေ့ဆုံ ဆွေးနွေးရန် သဘောတူညီထားပြီး ဖြစ်သည်။

တောင်နှင့် မြောက်ကိုရီးယားတို့ကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီးနောက် ဆက်လက် ကျင်းပမည့် မြောက် ကိုရီးယား-အမေရိကန်ဆွေးနွေးပွဲသည် သမိုင်းတွင်မည့် တွေ့ဆုံမှုဖြ စ်ကြောင်း မွန်က ကိုရီးယားနှစ်နိုင်ငံကြား ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ရေးဆွေးနွေးပွဲ၌ ပြောသည်။ အဆိုပါ ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် ရလဒ်များ သည် နောက်ဆုံးတွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ပါဝင်မည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတစ်ရပ်ကို ထွက်ပေါ်လာစေနိုင်ကြောင်း မွန်ကဆိုသည်။ မကြာမီကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲများတွင် နျူကလီးယား ခြိမ်းခြောက်မှုကို လုံးဝအပြီးသတ်ရေးနှင့် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ရေးတို့ကို အဓိကထားဆွေးနွေးမည် ဖြစ်သည်။ တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံသည် သီးခြားစီ သို့မဟုတ် ပေါင်းစည်း၍ ရပ်တည်နေစေကာ မူ နှစ်နိုင်ငံစလုံးအနေဖြင့် တစ်နိုင်ငံအား အခြား တစ်နိုင်ငံက ထိခိုက်စေရန် လုပ်ဆောင်ခြင်းမပြုဘဲ အတူတ ကွစည်ပင်ဝပြောစွာ နေထိုင်နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း မွန်ကဆက်ပြောသည်။

တစ်ချိန်တည်းမှာပင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ဆက်ဆံရေးသည် ပြန်လည်ပေါင်းစည်းရေး အတွက် အခြေအနေ တစ်ရပ်ကို ဖော်ဆောင်ပေးလျက်ရှိပြီး မြောက်ကိုရီး ယားနှင့် အမေရိကန် ပြည်ထောင်စု တို့ကြား ဆက်ဆံရေးတွင်လည်း ပြောင်းလဲလာသည့် အရိပ်လက္ခဏာ တစ်ရပ်ကို တွေ့မြင်နေရပြီ ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက မတ် ၂၁ ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

Read 259 times Last modified on Thursday, 22 March 2018 11:52