SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သမ္မတ ရွေးကောက်ပွဲတွင် ပူတင်ပြန်လည် ရွေးကောက်ခံရပြီးနောက် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးဆို

Thursday, 22 March 2018 11:41 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် မတ် ၂၁

ရုရှားသမ္မတ ရွေးကောက်ပွဲတွင် ဗလာဒီမာပူတင် ပြန်လည်ရွေးကောက် ခံရပြီးနောက် အမေရိကန် ပြည်ထောင်စု အနေဖြင့် ရုရှားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဂျိမ်းမက်တစ်ကပြောသည်။ အမေရိကန်အစိုးရသည် ဖြစ်နိုင်ပါက ရုရှားနှင့်ပူးပေါင်းဆောင်ရွက်ရန် အစဉ်အမြဲ ဆန္ဒရှိနေကြောင်း မတ်၂ဝ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက် လာသည့် သတင်းထောက်များကို ပြောခြင်းဖြစ်သည်။

သို့ရာတွင် ရုရှားနိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ မဟာဗျူဟာမြောက် ပြိုင်ဘက်နိုင်ငံအဖြစ် ရပ်တည်ရန် ရွေးချယ်ခဲ့ကြောင်း ဗြိတိန်နိုင်ငံတွင် မကြာမီက ဖြစ်ပွားခဲ့သည့် ဓာတု ပစ္စည်းဖြင့် တိုက်ခိုက်မှုကို ရည်ညွှန်း၍ မက်တစ်ကဆက်ပြောသည်။ ထို့ကြောင့် အမေရိကန် အစိုးရအနေဖြင့် ၎င်းတို့၏ ဒီမိုကရေစီ ထုံးတမ်းဓလေ့ကို ကာကွယ်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ဗြိတိန်နိုင်ငံတွင် ရုရှားစစ်ဘက်ထောက်လှမ်း ရေးဟောင်း ဆာဂျီစခရီပယ်နှင့် သမီးဖြစ်သူ ယူလီယာတို့နှစ်ဦး ဓာတုပစ္စည်းဖြင့် တိုက်ခိုက်ခံရမှုသည် ရုရှားလက်ချက်ဖြစ် သည်ဟု ဗြိတိန်အစိုးရကယူဆလျက်ရှိပြီး တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း နှစ်မျိုးကို ရုရှားနိုင်ငံတွင်ထုတ်လုပ်ခြင်း ဖြစ်ကြောင်း အထောက်အထား တစ်စုံတစ်ရာ တင်ပြ ခင်းမရှိဘဲ စွပ်စွဲထားသည်။ အဆိုပါတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်သွားမည်ဟု အစောပိုင်းတွင် ခြိမ်းခြော က်ပြောဆိုထားပြီး ဗြိတိန်နိုင်ငံမှ ရုရှားသံ အမှုထမ်း များကိုနှင်ထုတ်လိုက်သည့် ဗြိတိန်အစိုးရ၏ ဆုံးဖြတ်ချက်ကိုပါ ထောက်ခံထားကြောင်း သိရသည်။

Read 194 times Last modified on Thursday, 22 March 2018 11:52