SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဂျပန်က အမေရိကန် ဒုံးကျည်ကာကွယ်ရေး စနစ်များကို ဖြန့်ကြက်ခြင်းသည် ရုရှားနိုင်ငံ၏လုံခြုံရေး အကျိုးစီးပွားကို ထိခိုက်ဟု ရုရှားပြော

Thursday, 22 March 2018 11:41 font size decrease font size decrease font size increase font size increase font size

တိုကျို မတ် ၂၁

ဂျပန်နိုင်ငံတွင် အမေရိကန်ဒုံးကျည် ကာကွယ်ရေးစနစ် အစိတ်အပိုင်းများကို ဖြန့်ကြက်ခြင်းသည် ရုရှားနိုင်ငံ၏ လုံခြုံရေး အကျိုးစီးပွားကို ထိခိုက်စေကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့က မတ် ၂၁ ရက်တွင် ပြောသည်။

ဂျပန်အစိုးရက နိုင်ငံအတွင်းဖြန့်ကြက်မည့် တစ်ကမ္ဘာလုံးဆိုင်ရာ ဒုံးကျည်ကာကွယ်ရေးစနစ်သည် ရုရှား၏ လုံခြုံရေးအကျိုးစီးပွားအပေါ် တိုက်ရိုက် ထိခိုက်စေ သည်ဟု လက်ရော့က တိုကျိုမြို့တွင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနှင့် ပူးတွဲကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခြင်းဖြစ်သည်။ ဂျပန်အစိုးရသည် မြောက် ကိုရီးယားမှ ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ကာကွယ်ရန်အတွက် နိုင်ငံအတွင်း၌ အမေရိကန် စစ်ဘက်၏ မြေပြင်အခြေပြု Aegis ဒုံးကျည် ကြားဖြတ် ဟန့်တားရေးစနစ်ကို ဖြန့်ကြက်ရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အတည်ပြုလိုက်ခြင်းဖြစ်သည်။

ယင်းနောက်တွင် အမေရိကန်အစိုးရက မြင့်တက်လာသည့် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည် ခြိမ်းခြောက်မှုကို ကာကွယ်ရာတွင် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးကို တိုးမြှင့်နိုင်ရေးအတွက် ဒေါ်လာ ၁၃၃ ဒသမ ၃ သန်းတန်ဖိုးရှိ ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်များကို ရောင်းချရန် ယခုနှစ် ဇန်နဝါရီလက အ တည်ပြုခဲ့ကြောင်း သိရသည်။ အမေရိကန်အစိုးရသည် ဂျပန်နိုင်ငံအား Aegis ဒုံးကျည်ကြားဖြတ် ဟန့်တား ရေးစနစ်ကို ရောင်းချပေးခဲ့သည့်အပြင် Patriot နှင့် THAAD ဒုံးကျည်ကာကွယ်ရေး စနစ်များကိုပါ ဖြန့်ကြက် ထားသည်။ ဂျပန်အစိုးရက နိုင်ငံအတွင်းဒုံးကျည်ကာကွယ်ရေး စနစ်များကို တိုးမြှင့်ဖြန့်ကြက်ခြင်းသည် ရုရှား-ဂျပန်ဆက်ဆံရေးကို ထိခိုက်စေသည့်အပြင် အမေရိကန်ပြည်ထောင်စုနှင့် သဘောတူချမှတ်ထားသည့် လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်ကိုပါ ချိုးဖောက်ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက သတိပေးထားကြောင်း သိရသည်။

Read 246 times Last modified on Thursday, 22 March 2018 11:53