SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ICC မှ နုတ်ထွက်ကြောင်း ဖိလစ်ပိုင်ကချမှတ်လိုက်သည့် ဆုံးဖြတ်ချက် တစ်နှစ်အတွင်း အသက်ဝင်မည်ဟု ကုလသမဂ္ဂဆို

Thursday, 22 March 2018 11:41 font size decrease font size decrease font size increase font size increase font size

နယူးယောက်  မတ်  ၂၁

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)မှ နုတ်ထွက်ကြောင်း ဖိလစ်ပိုင်အစိုးရက ချမှတ်လိုက်သည့်ဆုံးဖြတ်ချက်သည် လာမည့်တစ်နှစ်အတွင်း အသက်ဝင် မည်ဖြစ်ေ ကြာင်း ကုလသမဂ္ဂလက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖားဟန်ဟက်ကပြောသည်။ ICC မှနုတ်ထွက်ကြောင်း ဖိလစ်ပိုင်အစိုးရက ပေးပို့သည့် တရားဝင် အသိပေးစာကို ကုလသမဂ္ဂအဖွဲ့က မတ် ၁၇ ရက်တွင် လက်ခံရရှိကြောင်း၊ ယင်းစာကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အာလန်ပီတာကာယက်တာနိုက လက် မှတ်ရေးထိုးထားသည်။ သို့ရာတွင် ICC က ချမှတ်ထားသည့် ရောမ ဥပဒေ ပြဋ္ဌာန်းချက် (Rome Statute) အရ  အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်မည်ဆိုပါက ယင်းနိုင်ငံကပေးပို့သည့် တရားဝင် အသိပေးစာကို ကုလသမဂ္ဂမှ လက်ခံရရှိပြီး  တစ်နှစ်ကြာမှ သာအတည်ဖြစ်မည် ဖြစ်ေ ကြာင်းဟက်က မတ် ၁၉ ရက်တွင် ဆက်ပြောသည်။

ဖိလစ်ပိုင်တွင် ဒူတာတေအစိုးရက လုပ်ဆောင်နေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်မှုတွင် တရားမဝင်သတ် ဖြတ်မှုများဖြစ်ပေါ်နေသည်ဟု ဖိလစ်ပိုင်ရှေ့နေ တစ်ဦး၏ တိုင်တန်းချက်အရ ICC အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်မှုများအပေါ် ကနဦးစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဟု ယင်းအဖွဲ့ကြီးမှ ရှေ့နေ တစ်ဦးဖြစ်သူ ဖာတူဘင်ဆူဒါက ပြီးခဲ့သည့် လအတွင်းပြောသည်။ ထို့ပြင် ဖိလစ်ပိုင်အစိုးရက လုပ်ဆောင်နေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်မှုသည် လူ့အခွင့် အရေးကို ချိုးဖောက်နေဖွယ်ရှိသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများ ကစွပ်စွဲထားသည်။ ICC ပြောဆိုမှုသည် သမ္မတဒူတာတေကို အမျက်ထွက်စေခဲ့ပြီး ဖိလစ် ပိုင်နိုင်ငံအား ယင်း အဖွဲ့အစည်း၏ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နုတ်ထွက်ရန် ၎င်းကပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Read 267 times Last modified on Thursday, 22 March 2018 11:54