SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မဲခေါင်မြစ်တစ်လျှောက်၌ ရှားပါးပြီးမျိုးတုံး လုနီးပါး ဖြစ်နေသော အာရှလိပ်ဥ ၆၆၃ ဥကိုတွေ့ရှိ

Thursday, 22 March 2018 12:06 font size decrease font size decrease font size increase font size increase font size

ဖနွမ်းပင် မတ် ၂၁

ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ကရာတီပြည်နယ် မဲခေါင်မြစ်တစ်လျှောက်ရှိ သောင်ခုံ၌ ရှားပါးပြီး မျိုးတုံးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော အာရှလိပ်ဥ ၆၆၃ ဥပါဝင်သောအသိုက် အခု ၂ဝ ကို ရှာဖွေ တွေ့ရှိကြောင်း သားရဲတိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (WCS) က အစီရင်ခံစာတစ်ခု၌ ရေးသား ထားသည်။ အာရှလိပ်သည် ရှားပါးမျိုးစိတ်ဖြစ်ကြောင်း နိုင်ငံတကာ သဘာဝ ထိန်းသိမ်းရေး သမဂ္ဂ (IUCN) က သတ်မှတ်ထားသည်။ မဲခေါင်မြစ်တစ်လျှောက်၌ ၂ဝဝ၇ ခုနှစ်အထိသာ ရှာဖွေတွေ့ရှိခဲ့သဖြင့် မျိုးတုံး ပျောက်ကွယ်သွားပြီဟု ယူဆခြင်းခံရသည့် မျိုးစိတ်ဖြစ်သည်။

ကျောကုန်းခွံပျော့ပျောင်းသည့် အာရှလိပ်နှင့် ဥများကို စားသုံးရန်အတွက် ရောင်းချမှုများ ရှိနေသဖြင့် မျိုးတုံး မှုနှင့်ရင်ဆိုင်ရခြင်းဖြစ်ကြောင်း၊ အမှန်စင်စစ်မှာ အာရှလိပ်အသိုက် ၃၅ ခုကို တွေ့ရှိခဲ့ခြင်ြး ဖစ်သော်လည်း အသိုက် ၁၅ ခုမှ ဥများကို တရားမဝင်ရှာဖွေသူများက ယူဆောင်သွားပြီးဖြစ်သည်ကို တွေ့ရကြောင်း အာရှ လိပ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ အကြီးအကဲ တစ်ဦးက ပြောသည်။ အဆိုပါ အဖွဲ့မှ အဖွဲ့ဝင်လေးဦး သည် လိပ်ဥများရှိနေသည့် အသိုက်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းလျက်ရှိသည်။ ရှာဖွေတွေ့ရှိ သော လိပ်ဥ ၆၆၃ ဥအနက်မှ လိပ် ၁၃၂ ကောင်ပေါ က်ကြောင်း ၎င်းကဆက်ပြောသည်။

ရှားပါးမျိုးစိတ်ဖြစ်သော အာရှလိပ်များ မျိုးတုံးပျောက်ကွယ်သည့် အရေးမှ ကာကွယ်ရန် လိပ်ဥများကို ဝယ် ယူခြင်းနှင့်စားသုံးခြင်း မပြုရန် ဒေသခံများအား အာဏာပိုင်များက တောင်းဆိုထားကြောင်း သိရသည်။

Read 182 times Last modified on Thursday, 22 March 2018 12:15