SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်၌ ပေါက်ကွဲမှု ထပ်မံဖြစ်ပွား တစ်ဦး ဒဏ်ရာရရှိ

Thursday, 22 March 2018 12:06 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် မတ် ၂၁

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့၌ ခြောက်ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပွားရာ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိကြောင်း တာဝန်ရှိသူများက မတ် ၂၁ ရက် တွင်ကြေညာသည်။ ပေါက်ကွဲမှုသည် Goodwill စတိုးဆိုင် တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း၌ စတိုးဆိုင် အတွင်းရှိလူများကို မီးသတ်တပ်ဖွဲ့ဝင်များကဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာသို့ ရဲတပ်ဖွဲ့နှင့် လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များ ရောက်ရှိလာကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့်အမျိုးသားအား စိန့်ဒေးဗစ်တောင်ပိုင်း အော်စတင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ၎င်း၏အခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိဟု မီး သတ်တပ်ဖွဲ့က ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့် Brodie လမ်းအားခေတ္တပိတ်ဆို့ထားပြီး ဖြတ်သန်းသွားလာခွင့်မပြုဟု သိရ သည်။ Goodwill စတိုးဆိုင်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုမှာ မီးလောင် ဗုံးပေါက်ကွဲမှု ဖြစ်ကြောင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။ အဆိုပါပေါက်ကွဲမှုသည် တက္ကဆက် ပြည်နယ်တွင် မတ် ၂ ရက်မှစတင်၍ ခြောက်ကြိမ်မြောက်ပေါက်ကွဲမှုဖြစ်သည်ဟု သိရ သည်။ ပေါက်ကွဲမှုခြောက်ကြိမ်အတွင်း နှစ်ဦးသေဆုံး၍ ခုနစ် ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

Read 209 times Last modified on Thursday, 22 March 2018 12:16